ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲ အခမ္းအနား က်င္းပ

ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲ အခမ္းအနား က်င္းပ 

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ - ၂၄ 

ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ ဓမၼဒူတေဇတ၀န္ေတာရ ေဆကိႏၵရာမ ေက်ာင္းတုိက္ႀကီးရွိ ဓမၼဒူတ ေဆကိႏၵဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ဓမၼဒူတ ေဒါက္တာ အရွင္ေဆကိႏၵ အမွဴးျပဳေသာသံဃာေတာ္ အရွင္သူျမတ္မ်ား ၾကြေရာက္ ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္ မ်ားတက္ေရာက္ၾကသည္။ 

အခမ္းအနားအားက်င္းပျပဳလုပ္ရာ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ျမင့္တုိ႔က ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ စာသင္တုိက္ပင္မ ေက်ာင္းေဆာင္ႀကီး ကဗၺည္းေမာ္ကြန္းေက်ာက္စာတုိင္ႏွင့္ နဖူးစီးစာတမ္းအား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္ အရာရွိမ်ားက ေက်ာက္စာတုိင္မ်ားအား အေမႊးန႔ံသာရည္မ်ားပက္ဖ်န္းၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္အတြင္း လွည့္လည္ ၾကည့္႐ႈေလ့လာၾကသည္။ 

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဓမၼဒူတေဒါက္တာ အရွင္ေဆကိႏၵႏွင့္ တကၠသုိလ္ ႀကီး တည္ေဆာက္ထားရွိမႈ၊ M.A ႏွင့္ Ph.D သင္တန္းသားမ်ားလက္ခံသင္ၾကားေပးမည့္ အေျခအေနမ်ား၊ ႏိုင္ငံတကာတြင္ ဗုဒၶဘာသာသင္ၾကားေနမႈအေျခအေနမ်ား၊ တကၠသုိလ္ မွေပးအပ္မည့္ဘြဲ႕မ်ားအတြက္ ထုိက္ထုိက္တန္ တန္ျဖစ္ေစေရးအတြက္ သုေတသနျပဳေဆာင္ရြက္ရန္လုိအပ္မႈ၊ စာခ်ပုဂၢိဳလ္၊ စာစစ္ပုဂၢဳိလ္မ်ား၊ ႀကီးၾကပ္ေရးပုဂၢိဳလ္မ်ားစီစဥ္ ထားရွိမႈ၊ အေဆာင္မ်ားစီစဥ္ထားရွိမႈႏွင့္ ဆြမ္းကြမ္းေဆး လုိအပ္ခ်က္မ်ားစီစဥ္ထားရွိမႈ၊ သင္ၾကားမႈမ်ားအား အဂၤလိပ္ဘာသာျဖင့္ သင္ၾကားရန္စီစဥ္ထားရွိမႈ၊ သင္ၾကားေရး ကာလ မ်ားအားလည္းသံဃာေတာ္မ်ား ၀ါတြင္း၀ါပ ၀ိနည္းမ်ားႏွင့္အညီသင္ၾကားရန္ ေဆာင္ရြက္ထားရွိမႈ၊ တကၠသုိလ္၀င္ခြင့္အရည္အခ်င္းသတ္မွတ္ခ်က္မ်ား၊ သင္ၾကားေရး စနစ္အား E education ၊ E learning စနစ္ျဖင့္သင္ၾကားႏုိင္ေရးေဆာင္ရြက္ရန္လုိအပ္ မႈႏွင့္ တကၠသုိလ္၏၀ိနည္းစည္းကမ္းႏွင့္အညီ ေဆာင္ရြက္မႈ အေျခအေနမ်ားအား ေလွ်ာက္ထားေဆြးေႏြးၾကသည္။ 

ယင္းေနာက္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲ အခမ္းအနားေအာင္ျမင္ျခင္းအထိမ္းအမွတ္ ေရစက္ခ်အလွဴေတာ္မဂၤလာအခမ္းအနားအား ဆက္လက္က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္မဟာသံဃနာယကအဖြဲ႕ ဒုတိယဥကၠ႒၊ ပဲခူးတုိင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ၿခဳံအင္း ေက်းရြာ၊ သီရိမဂၤလာ ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇအဂၢမဟာ သဒၶမၼမေဇာတိက ဘဒၵႏၲၾသဘာသ၊ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာ ယာအဓိပတိဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇၨာတာ႐ုံ ဆရာေတာ္ ဘဒၵႏၲ၀ိေဇၨာတႏွင့္ တြဲဘက္ေရႊက်င္ သာသနာပုိင္ဆရာေတာ္ ႀကီးမ်ားအမွဴးျပဳေသာ သံဃာေတာ္အပါး ၄၀၀ ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။ 

အစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက မႏၲေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံ ေက်ာင္းတုိက္ဆရာေတာ္ ဘႏၵႏၲ ဣေႏၵာဘာသာဘိ၀ံသထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး ဆရာေတာ္ႀကီးမ်ား ရြတ္ပြားသရဇၥ်ာယ္ေတာ္မူေသာ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားအားနာယူၾကသည္။ ယင္းေနာက္ ႏုိင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲ ကုမာရဘိ၀ံသ ၏ ၾသ၀ါဒကထာအား ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၀င္ ေညာင္သုံးပင္သာမေဏေက်ာ္စာသင္တုိက္ ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိက ဘဒၵႏၲေတေဇာသာရာဘိ၀ံသက ဖတ္ၾကား သည္။ 

ယင္းေနာက္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာယာအဓိပတိဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇၨာတာ႐ုံ ဆရာေတာ္ ဘဒၵႏၲ၀ိေဇၨာတ ၾသ၀ါဒကထာျမြက္ၾကား ရာတြင္ သာသနာေတာ္တုိးတက္ေရးအတြက္လုိအပ္သည့္အခ်က္မ်ားကုိ သိရွိနားလည္ၿပီး ဆရာေတာ္အရွင္ေဆကိႏၵက ျပည္တြင္းမွာသာမက ႏုိင္ငံကာသုိ႔ျပန္႔ႏွံ႕ေစျခင္းငွာ ယခုကဲ့သုိ႔ႀကီးက်ယ္ထင္ရွားသည့္ တကၠသုိလ္ႀကီး တည္ေထာင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔လွဴဒါန္းျခင္းသည္ သာသနာေတာ္ႀကီး တုိးတက္ႀကီးပြားရန္၊ အမ်ိဳးဘာသာ တုိင္းျပည္အတြက္ ၿငိမ္းခ်မ္း၊ ေအးခ်မ္းျခင္းရရွိရန္အတြက္ လုပ္သင့္လုပ္ထုိက္သည့္ အလုပ္မ်ားကုိ ေဆာင္ရြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ ေနသည့္ ပုဂၢိဳလ္မ်ားအား လုံး ၿငိမ္းေအးေသာ၊ ေအးခ်မ္းေသာ၊ ေရာက္သင့္ေရာက္ထုိက္ေသာ အျမတ္ဆုံးနိဗၺာန္ကုိ ေရာက္ၾကပါ ေစေၾကာင္းျမြက္ၾကားသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဓမၼဒူတေဆကိႏၵတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ စာသင္တုိက္ပင္မ ေက်ာင္းေဆာင္သစ္ႀကီး လွဴဒါန္းရျခင္းႏွင့္ စပ္လ်ဥ္း၍ရွင္းလင္းေလွ်ာက္ထားရာတြင္ ယခုကဲ့သုိ႔ ဘာသာသာသနာ ေရာင္၀ါ ထြန္းလင္းေကာင္းျခင္းမဂၤလာအျဖာျဖာႏွင့္ ျပည့္စံုေစသည့္ ဓမၼဒူတေဆကိႏၵ တကၠသိုလ္ ဖြင့္လွစ္ပြဲအခမ္း အနားႀကီးက်င္းပႏိုင္သည့္အတြက္ တပည့္ေတာ္မွာ အထူးပင္ၾကည္ႏူး ၀မ္းေျမာက္လွပါေၾကာင္း၊ ကမၻာ့အလယ္တြင္ မ်ိဳးျမန္မာရယ္လို႔ ၀င့္ထည္ႏိုင္ဖို႔ တစ္ဦးခ်င္း ပညာအရည္အခ်င္းျပည့္၀သည့္ လူ႕ေဘာင္အဖြဲ႕အစည္းျဖစ္ရန္ လိုအပ္ၿပီး ပညာရည္ျမင့္မားတိုးတက္ေရးသည္ ႏိုင္ငံတစ္ႏိုင္ငံ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ေသာ့ခ်က္ျဖစ္သကဲ့သုိ႔ ၿငိမ္းခ်မ္းသာယာသည့္ လူ႕ေဘာင္အဖြဲ႕အစည္း ျဖစ္လာ ရန္အတြက္ ဗုဒၶ၏အဆံုးအမ ဓမၼတရားေတာ္မ်ားျဖင့္သာလွ်င္ ပံုေဖာ္ႏိုင္မွာျဖစ္ပါေၾကာင္း၊ ဗုဒၶ၏ ပဋိယတိၱ၊ ပဋိပတိၱ၊ ပဋိေ၀ဒ သာသနာေတာ္မ်ား ေရရွည္တည္တံ့ထြန္းကားျပန္႔ပြားေရး အတြက္ ယေန႔ေခတ္ ျမန္မာႏိုင္ငံ ေသာတုဇနရဟန္းေတာ္မ်ား၏ ပညာေရးလုပ္ငန္း ႀကိဳးပမ္းမႈမ်ားမွာ သာသနာ့ဓမၼာ စရိယ၊ သာသနာ့တကၠသီလဓမၼာစရိယ၊ သာသနာ့ တကၠသီလမဟာဓမၼာ စရိယ၊ B.A ၊ M.A ဘြဲ႕ဒီဂရီရၿပီး ရဟန္းေတာ္မ်ားအေနႏွင့္ ေခတ္မီတကၠသိုလ္ပညာေရး ဆက္လက္ဆည္းပူးႏိုင္ေရးအတြက္ ပင္လယ္ရပ္ျခား တိုင္းတစ္ပါးသို႔ ၾကြေရာက္ ပညာသင္ယူေနၾကရပါေၾကာင္း၊ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွာ ျပည္ပပညာသင္ ျမန္မာရဟန္းေတာ္မ်ား၏ အေရအတြက္ သည္ထုိင္းႏိုင္ငံတြင္ ၅၀၀ ေက်ာ္၊ သီရိလကၤာတြင္ ၆၀၀ ေက်ာ္၊ အိႏိၵယႏိုင္ငံတြင္ ၅၀၀ ေက်ာ္ စုစုေပါင္း ႏွစ္စဥ္ပ်မ္းမွ် ၁၅၀၀ ေက်ာ္ရွိေၾကာင္း မွတ္တမ္းမ်ားအရ သိရွိရပါေၾကာင္း၊ ျပည္ပပညာသင္ ရဟန္းေတာ္တစ္ပါးသည္ M.A, Ph.D ဘြဲ႕ဒီဂရီအတြက္ တစ္ႏွစ္လွ်င္ ပ်မ္းမွ် အေမရိကန္ေဒၚလာ ၄၀၀၀ ခန္႔ ရင္းႏွီးျမႇပ္ႏွံမႈျပဳၾကရၿပီး ျပည္ပပညာသင္ျမန္မာရဟန္း ေတာ္မ်ား၏ ပညာသင္ႏွစ္တစ္ႏွစ္အတြက္ ရင္းႏွီးျမႇပ္ႏွံရမႈေငြေၾကး ပမာဏသည္ အေမရိကန္ေဒၚလာ သိန္း ၆၀ အထက္မွာရွိသည့္အတြက္ ျမန္မာက်ပ္ေငြအားျဖင့္ ၉၀၀ယ၀၀၀ယ၀၀၀ိ/-(က်ပ္သန္း ၉၀၀၀) အထက္တြင္ရွိပါေၾကာင္း၊ ပညာသင္ရဟန္းေတာ္မ်ား ေနျဖင့္ ဘာသာမတူယဥ္ေက်းမႈကြဲျပားသည့္ ႏိုင္ငံမ်ားတြင္ ေနထိုင္သြားလာေရးအတြက္ လံုၿခံဳေအးခ်မ္းမႈမရွိျခင္း၊ ကိုယ္ထူကိုယ္ထ ေနထုိင္စားေသာက္ၾကျခင္းတုိ႔ေၾကာင့္ ပစၥည္းပန္း၊ ၀ိနည္းႏြမ္းပင္ျဖစ္ရပါေၾကာင္း။ 

ယခုဖြင့္လွစ္လိုက္သည့္ ဓမၼဒူတ ေဆကိႏၵတကၠသိုလ္ႀကီးသည္ ႏိုင္ငံတကာ တကၠသိုလ္မ်ား၏ စံႏႈန္းနဲ႔အညီ စနစ္တက် သင္႐ိုးၫႊန္းတမ္းမ်ားေရးဆြဲၿပီး ျပည္တြင္းျပည္ပ ပညာရွင္မ်ားျဖင့္ ဖြဲ႕စည္းထားေၾကာင္း၊ အ႐ိုးေပၚ အရြက္မဖံုးေစရေအာင္ ျမတ္ဗုဒၶ၏ မူရင္းပါဠိေတာ္၊ အဌကထာ၊ ဋီကာတို႔ကို မ႑ိဳင္ျပဳလ်က္ Traditional Education Technique ႏွင့္ Modern Education Technique ေလ့လာ သင္ၾကားနည္း စနစ္မ်ားတြဲစပ္ကာ သုေတသနႏွင့္ ေန႔စဥ္လူမႈဘ၀ လက္ေတြ႕အသံုးခ် နည္းပညာမ်ားကိုအေလးေပးကာ ႏိုင္ငံတကာ တကၠသိုလ္မ်ားနည္းတူ English Media ကို လက္ကိုင္ျပဳလ်က္ ေဆြးေႏြး သင္ၾကားပို႔ခ်မႈလုပ္ငန္းမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္းႏွင့္ ျပည္ပတကၠသိုလ္မ်ားႏွင့္ ခ်ိတ္ဆက္ၿပီး အျပန္အလွန္ႏွီးေႏွာဖလွယ္မႈ လုပ္ငန္းမ်ားကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းကိုလည္း သိရွိရပါေၾကာင္း၊ ထုိ႔ေၾကာင့္ မ်ိဳးဆက္သစ္ေသာတုဇနရဟန္းေတာ္တုိ႔အေနျဖင့္ အဆင့္ျမင့္တကၠသိုလ္ပညာကို အမိေျမမွာပင္ ေအးခ်မ္းလံုၿခံဳစြာ ေလ့လာ ဆည္းပူး ခြင့္ရရွိေတာ့မွာျဖစ္ပါေၾကာင္း၊ ထုိ႔ျပင္ အထက္တြင္ေလွ်ာက္ထားခဲ့သည့္အတိုင္း ဘုရားတပည့္ေတာ္တုိ႔ႏိုင္ငံအတြက္ ျပည္ပသုိ႔ယိုဖိတ္လြင့္စင္ေနေသာ ႏိုင္ငံျခားထြက္ေငြကိုလည္း တစ္ဖက္တစ္လမ္းမွ အထုိက္အေလ်ာက္ ထိန္းသိမ္းကာကြယ္ ၿပီးျဖစ္ေနမွာ အမွန္ျဖစ္ပါေၾကာင္း၊ သာသနာ၏ ပင္မေရေသာက္ျမစ္ျဖစ္သည့္ ပရိယတိၱပညာေရး အတြက္ ဤဓမၼဒူတေဆကိႏၵ တကၠသိုလ္ႀကီးကို အရင္းတည္လ်က္ ေလာကီ၊ ေလာကုတၱရာ ႏွစ္ျဖာေသာအက်ိဳးမ်ား ျဖစ္ထြန္းေပၚေပါက္လာမည္မွာ ဧကန္မုခ်ပင္ျဖစ္ပါေၾကာင္း၊ ဓမၼဒူတ ေဆကိႏၵတကၠသိုလ္ႀကီးသည္ ဗုဒၶဓမၼပညာေရးနယ္ပယ္တြင္ ႏိုင္ငံ့ဂုဏ္ကို ေဆာင္သည့္ တကၠသိုလ္ႀကီးအျဖစ္ ကမၻာ့အလယ္မွာ ဂုဏ္သေရရွိရွိ၊ အဆင့္အတန္းျမင့္ျမင့္ သက္၀င္ရွင္သန္ႏိုင္ဖို႔အေရး သာသနာ့ဒါယိကာ၊ ဒါယိကာမမ်ားက အထူးအေလးထား အားေပးၾကရမွာ ျဖစ္ပါေၾကာင္း၊ မိမိဦးေဆာင္ဦးရြက္ျပဳသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားအေနျဖင့္ ဗုဒၶ၊ ဓမၼ မ႑ိဳင္ႀကီးမယိုင္မလဲ အရွည္တည္ၿမဲ ႏိုင္ေစရန္အတြက္ ဒါန၊ သီလ၊ ဘာ၀နာကုသိုလ္တရားမ်ား ကို ကိုယ္စြမ္း၊ ဥာဏ္စြမ္းရွိသမွ် အားထုတ္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိၾကပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၇ ရက္ေန႔ လာေရာက္စဥ္ ဤတကၠသိုလ္ပရ၀ုဏ္အတြင္း သဲခင္းေက်ာက္ခင္းလမ္းမ်ားဟာ အနိမ့္အျမင့္ မညီမညာ၊ သြားရလာရ သက္ေတာင့္သက္သာမရွိ ေတြ႕ျမင္ခဲ့ရတဲ့အတြက္ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ လူပုဂိၢဳလ္မ်ားအားလံုး မပင္မပန္းေအးခ်မ္း ေျဖာင့္ျဖဴးစြာ သာသနာ့၀န္ထမ္းႏိုင္ေစရန္ ေစတနာရည္သန္ၿပီး တကၠသိုလ္ႀကီးရဲ႕ ထည္၀ါမႈႏွင့္လုိက္ေလ်ာညီေထြမႈရွိေစေရး အဓိပတိလမ္းမႀကီးအား ၁၈ ေပအက်ယ္၊ ၉ လက္မထု၊ သံကူကြန္ကရစ္လမ္း၊ ၅၁၈၈ ေပ၊ စာသင္တိုက္ အတြင္းလမ္းမ်ားအား ၁၂ ေပအက်ယ္၊ ၉ လက္မထု၊ သံကူကြန္ကရစ္လမ္း ၂၂၀၈ ေပ၊ တကၠသုိလ္ႀကီးအတြင္း လာေရာက္ေသာယာဥ္မ်ား အဆင္ေျပေခ်ာေမြ႔စြာ ရပ္နားႏုိင္ရန္ အတြက္ကိုလည္း (၁၀၀ဒ _ ၅၀ဒ)အရြယ္အစား ၉ လက္မထု သံကူကြန္ကရစ္ ယာဥ္ရပ္နားကြင္း ၂ ကြင္း၊ (၈၀ ဒ _ ၅၀ဒ) အရြယ္အစား ၉ လက္မထု သံကူကြန္ကရစ္ ယာဥ္ရပ္နားကြင္း ၂ ကြင္း၊ အခ်င္း ၆၀ ေပရွိ တကၠသိုလ္လမ္းအ၀ိုင္းပတ္ ၁ ခုတုိ႔ကိုတပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္း၍ သဒၵါရႊင္လန္း တည္ေဆာက္လွဴဒါန္းခဲ့ပါေၾကာင္း၊ ဤလမ္းကုိ အသုံးျပဳၾကသည့္ ရဟန္းရွင္လူအေပါင္းအေနႏွင့္ ကုိယ္၊ စိတ္ခ်မ္းသာမႈ ခံစားရမည္ဟု မိမိယုံၾကည္ပါေၾကာင္း၊ မိမိတုိ႔ လူပုဂိၢဳလ္မ်ားအေနျဖင့္ ဆရာေတာ္၊ သံဃာေတာ္တုိ႔၏ ဓမၼ၀ိနည္းႏွင့္အညီ ၫႊန္ၾကားသင္ၾကားေပးသည့္ အဆံုးအမၾသ၀ါဒမ်ားကို နာယူမွတ္သားက်င့္ႀကံပြားမ်ား အားထုတ္ၾကျခင္း၊ ဆရာေတာ္၊ သံဃာေတာ္တုိ႔သည္လည္း ဘုရားတပည့္ေတာ္တုိ႔ရဲ႕ ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆး ပစၥည္းေလးပါး အေထာက္အကူျဖင့္ ပဋိယတိၱ၊ ပဋိပတိၱ၊ ပဋိေ၀ဒ သာသနာေတာ္ ၃ ရပ္ အစဥ္တည္တံ့ ျပန္႔ပြားႏိုင္ေအာင္ စြမ္းေဆာင္ျခင္းတို႔ျဖင့္ ဆရာႏွင့္ဒကာ အျပန္အလွန္တြဲယွက္ မွီခိုကာ “ဗုဒၶျမတ္စြာ သာသနာ၊ ဆရာ ဒကာ ႏွစ္ျဖာပါမွ၊ သာယာၿဖိဳးေမာက္ လြန္ထြန္း ေတာက္လိမ့္” ဆိုသည့္အတိုင္း လက္တြဲညီညီ ေဆာင္ရြက္ၾကပါ မည့္အေၾကာင္း ေလွ်ာက္ထားတင္ျပသည္။ 

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ပႏၷရသမေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာ ပ႑ိတ ၀ိေဇၨာတာ႐ုံ ဆရာေတာ္ႀကီးထံသုိ႔ သႏၶမၼသုံးျဖာ သာသာနာေတာ္ျမတ္ႀကီး စည္ပင္တုိးတက္ျပန္႔ပြားေစရန္အတြက္ ဓမၼဒူတ ေဆကိႏၷတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ စာသင္တုိက္ႀကီး၏ လမ္းသစ္ခင္းမႈ မွတ္တမ္း မ်ားကုိ သဟတၱိကေျမာက္ ကုိယ္တိုင္လက္ေရာက္ဆက္ကပ္လွဴဒါန္းၿပီး ဆရာေတာ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔အား ဓမၼဒူတ ေဆကိႏၵတကၠသိုလ္ ဖြင့္လွစ္ ျခင္းအထိမ္းအမွတ္ပစၥည္းမ်ားႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာအား ေပးအပ္သည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ႏုိင္ငံေတာ္ မဟာသံဃနာယကအဖြဲ႕ ဒုတိယဥကၠ႒၊ သီရိမဂၤလာေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇအဂၢမဟာသဒၶမၼမေဇာတိက ဘဒၵႏၲၾသဘာသအားလွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းသည္။ ထုိ႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက ဆရာေတာ္ႀကီးမ်ားအား လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။ 

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ေရႊက်င္နိယာက ဥပဥကၠ႒ မဟာနာယက တြဲဖက္ေရႊက်င္ သာသနာပုိင္ မဟာ၀ိသုဒၶါ႐ုံတုိက္သစ္ စည္ရွင္ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဆရာေတာ္ႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။ 

အဆုိပါ ဓမၼဒူတေဆကိႏၵဗုဒၶတကၠသုိလ္ႀကီးအား ေထရ၀ါဒဗုဒၶတရားေတာ္မ်ား ကုိ သင္ယူျခင္း၊ လုိက္နာက်င့္သုံးျခင္းျဖင့္ ပုဂၢိဳလ္တစ္ဦးခ်င္းစီ၏ၿငိမ္းခ်မ္းေရးမွသည္ ကမၻာ့ လူသားတုို႔၏ၿငိမ္းခ်မ္းေရးအထိ တည္ေဆာက္သြားႏိုင္မည္ဟု ေလးနက္စြာယုံၾကည္မႈ ရွိသည့္အားေလ်ာ္စြာ ဓမၼဒူတ သာသနာျပဳပုဂၢိဳလ္မ်ားကုိ ျပဳစုပ်ိဳးေထာင္ေပးၿပီး ဗုဒၶသာသ နာေတာ္ ျပန္႔ပြားေရးကုိ ဦးစားေပးေဆာင္ရြက္ရန္ရည္မွန္းၿပီး ေထရ၀ါဒဗုဒၶတရားေတာ္ မ်ားကုိ ေခတ္မီပညာေရး နည္းစနစ္မ်ားျဖင့္ သင္ၾကားေပးရန္၊ သင္ယူမူ(ပရိပတၱိ)ႏွင့္ အားထုတ္မႈ(ပဋိပတၱိ)ကုိ ပူးတြဲေလ့က်င့္သင္ၾကားေပးရန္ႏွင့္ ဗုဒၶဘာသာ ဆုိင္ရာအဆင့္ျမင့္ စာေပမ်ားသင္ယူၿပီး ေလာကအက်ိဳး၊ ဓမၼအက်ိဳးေဆာင္ႏုိင္ေသာ သာသနာျပဳပုဂၢိဳလ္မ်ား ကုိေလ့က်င့္ သင္ၾကားေပးရန္ ေမွ်ာ္မွန္း၍ ေရႊက်င္နိကာယအဓိပတိဥကၠ႒ မဟာနာယက စုဒၶသမေရႊက်င္သာသနာပုိင္ ၀ါဆုိဆရာေတာ္ ဘုရားႀကီးႏွင့္ ေရႊက်င္နိကာယ အဓိပတိ ဥကၠ႒ မဟာနာယက ပႏၷသမေရႊက်င္သာသနာပုိင္ ၀ိေဇၨာတာ႐ုံဆရာေတာ္ဘုရားႀကီး တုို႔၏ခ်ီးေျမႇာက္စီမံ ဦးေဆာင္မႈတုိ႔ျဖင့္ဗုဒၶသာသနာေတာ္လုံးဆုိင္ရာ ေရႊက်င္နိကာယ သံဃာ့အစည္းအေ၀းႀကီးကုိ သုံးႏွစ္တစ္ႀကိမ္ျဖင့္ သုံးႀကိမ္တုိင္တုိင္ဆက္တုိက္ပူေဇာ္က်င္းပ ျပဳလုပ္ေအာင္ျမင္ျခင္းအထိမ္းအမွတ္အျဖစ္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ား၏ စုေပါင္းလွဴဒါန္းမႈမ်ားျဖင့္ ၂၀၁၇ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ တကၠသုိလ္ႀကီးတြင္ ၀ိနယဌာန၊ သုတၱႏၲဌာန၊ အဘိဓမၼဌာန၊ ကမၼ႒ာန ဘာ၀နာဌာန၊ ဗုဒၶဘာသာ ဒႆနိကဌာန၊ ပါဠိစာေပဌာန၊ ဗုဒၶဘာသာသမုိင္းႏွင့္ ယဥ္ေက်းမႈ ဌာန၊ သုေတသနဌာန၊ ကြန္ပ်ဴတာဌာန၊ ဘာသာစကားဌာနတုိ႔ ဖြဲ႕စည္းထားၿပီး အဂၤလိပ္ စာႏွင့္ ကြန္ပ်ဴတာ (Level 1/2) ၊ မဟာ၀ိဇၨာတန္း(ပါဠိႏွင့္ဗုဒၶစာေပ)ႏွင့္ ပါရဂူတန္း (ပါဠိႏွင့္ဗုဒၶစာေပ) တုိ႔အား သင္ၾကားပုိ႔ခ်သြားမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။ 

(Unicode Version)

 

ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ 

နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၂၄ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမ ကျောင်းတိုက်ကြီးရှိ ဓမ္မဒူတ ဆေကိန္ဒဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသောသံဃာတော် အရှင်သူမြတ်များ ကြွရောက် ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များတက်ရောက်ကြသည်။ 

အခမ်းအနားအားကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်တို့က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် စာသင်တိုက်ပင်မ ကျောင်းဆောင်ကြီး ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်နှင့် နဖူးစီးစာတမ်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိများက ကျောက်စာတိုင်များအား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။ 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒနှင့် တက္ကသိုလ် ကြီး တည်ဆောက်ထားရှိမှု၊ M.A နှင့် Ph.D သင်တန်းသားများလက်ခံသင်ကြားပေးမည့် အခြေအနေများ၊ နိုင်ငံတကာတွင် ဗုဒ္ဓဘာသာသင်ကြားနေမှုအခြေအနေများ၊ တက္ကသိုလ် မှပေးအပ်မည့်ဘွဲ့များအတွက် ထိုက်ထိုက်တန် တန်ဖြစ်စေရေးအတွက် သုတေသနပြုဆောင်ရွက်ရန်လိုအပ်မှု၊ စာချပုဂ္ဂိုလ်၊ စာစစ်ပုဂ္ဂိုလ်များ၊ ကြီးကြပ်ရေးပုဂ္ဂိုလ်များစီစဉ် ထားရှိမှု၊ အဆောင်များစီစဉ်ထားရှိမှုနှင့် ဆွမ်းကွမ်းဆေး လိုအပ်ချက်များစီစဉ်ထားရှိမှု၊ သင်ကြားမှုများအား အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရန်စီစဉ်ထားရှိမှု၊ သင်ကြားရေး ကာလ များအားလည်းသံဃာတော်များ ဝါတွင်းဝါပ ဝိနည်းများနှင့်အညီသင်ကြားရန် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ၊ သင်ကြားရေး စနစ်အား E education ၊ E learning စနစ်ဖြင့်သင်ကြားနိုင်ရေးဆောင်ရွက်ရန်လိုအပ် မှုနှင့် တက္ကသိုလ်၏ဝိနည်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မှု အခြေအနေများအား လျှောက်ထားဆွေးနွေးကြသည်။ 

ယင်းနောက် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ခြုံအင်း ကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မမဇောတိက ဘဒ္ဒန္တသြဘာသ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာ ယာအဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတနှင့် တွဲဘက်ရွှေကျင် သာသနာပိုင်ဆရာတော် ကြီးများအမှူးပြုသော သံဃာတော်အပါး ၄၀၀ ကြွရောက်ချီးမြှင့်တော်မူကြသည်။ 

အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဘန္ဒန္တ ဣန္ဒောဘာသာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များအားနာယူကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ ၏ သြဝါဒကထာအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ညောင်သုံးပင်သာမဏေကျော်စာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇောသာရာဘိဝံသက ဖတ်ကြား သည်။ 

ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယာအဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ သြဝါဒကထာမြွက်ကြား ရာတွင် သာသနာတော်တိုးတက်ရေးအတွက်လိုအပ်သည့်အချက်များကို သိရှိနားလည်ပြီး ဆရာတော်အရှင်ဆေကိန္ဒက ပြည်တွင်းမှာသာမက နိုင်ငံကာသို့ပြန့်နှံ့စေခြင်းငှာ ယခုကဲ့သို့ကြီးကျယ်ထင်ရှားသည့် တက္ကသိုလ်ကြီး တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့လှူဒါန်းခြင်းသည် သာသနာတော်ကြီး တိုးတက်ကြီးပွားရန်၊ အမျိုးဘာသာ တိုင်းပြည်အတွက် ငြိမ်းချမ်း၊ အေးချမ်းခြင်းရရှိရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နေသည့် ပုဂ္ဂိုလ်များအား လုံး ငြိမ်းအေးသော၊ အေးချမ်းသော၊ ရောက်သင့်ရောက်ထိုက်သော အမြတ်ဆုံးနိဗ္ဗာန်ကို ရောက်ကြပါ စေကြောင်းမြွက်ကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် စာသင်တိုက်ပင်မ ကျောင်းဆောင်သစ်ကြီး လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းလျှောက်ထားရာတွင် ယခုကဲ့သို့ ဘာသာသာသနာ ရောင်ဝါ ထွန်းလင်းကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေသည့် ဓမ္မဒူတဆေကိန္ဒ တက္ကသိုလ် ဖွင့်လှစ်ပွဲအခမ်း အနားကြီးကျင်းပနိုင်သည့်အတွက် တပည့်တော်မှာ အထူးပင်ကြည်နူး ဝမ်းမြောက်လှပါကြောင်း၊ ကမ္ဘာ့အလယ်တွင် မျိုးမြန်မာရယ်လို့ ဝင့်ထည်နိုင်ဖို့ တစ်ဦးချင်း ပညာအရည်အချင်းပြည့်ဝသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ရန် လိုအပ်ပြီး ပညာရည်မြင့်မားတိုးတက်ရေးသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် သော့ချက်ဖြစ်သကဲ့သို့ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာ ရန်အတွက် ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားတော်များဖြင့်သာလျှင် ပုံဖော်နိုင်မှာဖြစ်ပါကြောင်း၊ ဗုဒ္ဓ၏ ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော်များ ရေရှည်တည်တံ့ထွန်းကားပြန့်ပွားရေး အတွက် ယနေ့ခေတ် မြန်မာနိုင်ငံ သောတုဇနရဟန်းတော်များ၏ ပညာရေးလုပ်ငန်း ကြိုးပမ်းမှုများမှာ သာသနာ့ဓမ္မာ စရိယ၊ သာသနာ့တက္ကသီလဓမ္မာစရိယ၊ သာသနာ့ တက္ကသီလမဟာဓမ္မာ စရိယ၊ B.A ၊ M.A ဘွဲ့ဒီဂရီရပြီး ရဟန်းတော်များအနေနှင့် ခေတ်မီတက္ကသိုလ်ပညာရေး ဆက်လက်ဆည်းပူးနိုင်ရေးအတွက် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ ကြွရောက် ပညာသင်ယူနေကြရပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ပြည်ပပညာသင် မြန်မာရဟန်းတော်များ၏ အရေအတွက် သည်ထိုင်းနိုင်ငံတွင် ၅၀၀ ကျော်၊ သီရိလင်္ကာတွင် ၆၀၀ ကျော်၊ အိန္ဒိယနိုင်ငံတွင် ၅၀၀ ကျော် စုစုပေါင်း နှစ်စဉ်ပျမ်းမျှ ၁၅၀၀ ကျော်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ပြည်ပပညာသင် ရဟန်းတော်တစ်ပါးသည် M.A, Ph.D ဘွဲ့ဒီဂရီအတွက် တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့် ရင်းနှီးမြှပ်နှံမှုပြုကြရပြီး ပြည်ပပညာသင်မြန်မာရဟန်း တော်များ၏ ပညာသင်နှစ်တစ်နှစ်အတွက် ရင်းနှီးမြှပ်နှံရမှုငွေကြေး ပမာဏသည် အမေရိကန်ဒေါ်လာ သိန်း ၆၀ အထက်မှာရှိသည့်အတွက် မြန်မာကျပ်ငွေအားဖြင့် ၉၀၀ယ၀၀၀ယ၀၀၀ိ/-(ကျပ်သန်း ၉၀၀၀) အထက်တွင်ရှိပါကြောင်း၊ ပညာသင်ရဟန်းတော်များ နေဖြင့် ဘာသာမတူယဉ်ကျေးမှုကွဲပြားသည့် နိုင်ငံများတွင် နေထိုင်သွားလာရေးအတွက် လုံခြုံအေးချမ်းမှုမရှိခြင်း၊ ကိုယ်ထူကိုယ်ထ နေထိုင်စားသောက်ကြခြင်းတို့ကြောင့် ပစ္စည်းပန်း၊ ဝိနည်းနွမ်းပင်ဖြစ်ရပါကြောင်း။ 

ယခုဖွင့်လှစ်လိုက်သည့် ဓမ္မဒူတ ဆေကိန္ဒတက္ကသိုလ်ကြီးသည် နိုင်ငံတကာ တက္ကသိုလ်များ၏ စံနှုန်းနဲ့အညီ စနစ်တကျ သင်ရိုးညွှန်းတမ်းများရေးဆွဲပြီး ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း၊ အရိုးပေါ် အရွက်မဖုံးစေရအောင် မြတ်ဗုဒ္ဓ၏ မူရင်းပါဠိတော်၊ အဌကထာ၊ ဋီကာတို့ကို မဏ္ဍိုင်ပြုလျက် Traditional Education Technique နှင့် Modern Education Technique လေ့လာ သင်ကြားနည်း စနစ်များတွဲစပ်ကာ သုတေသနနှင့် နေ့စဉ်လူမှုဘ၀ လက်တွေ့အသုံးချ နည်းပညာများကိုအလေးပေးကာ နိုင်ငံတကာ တက္ကသိုလ်များနည်းတူ English Media ကို လက်ကိုင်ပြုလျက် ဆွေးနွေး သင်ကြားပို့ချမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး အပြန်အလှန်နှီးနှောဖလှယ်မှု လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် မျိုးဆက်သစ်သောတုဇနရဟန်းတော်တို့အနေဖြင့် အဆင့်မြင့်တက္ကသိုလ်ပညာကို အမိမြေမှာပင် အေးချမ်းလုံခြုံစွာ လေ့လာ ဆည်းပူး ခွင့်ရရှိတော့မှာဖြစ်ပါကြောင်း၊ ထို့ပြင် အထက်တွင်လျှောက်ထားခဲ့သည့်အတိုင်း ဘုရားတပည့်တော်တို့နိုင်ငံအတွက် ပြည်ပသို့ယိုဖိတ်လွင့်စင်နေသော နိုင်ငံခြားထွက်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ အထိုက်အလျောက် ထိန်းသိမ်းကာကွယ် ပြီးဖြစ်နေမှာ အမှန်ဖြစ်ပါကြောင်း၊ သာသနာ၏ ပင်မရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိပညာရေး အတွက် ဤဓမ္မဒူတဆေကိန္ဒ တက္ကသိုလ်ကြီးကို အရင်းတည်လျက် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာမည်မှာ ဧကန်မုချပင်ဖြစ်ပါကြောင်း၊ ဓမ္မဒူတ ဆေကိန္ဒတက္ကသိုလ်ကြီးသည် ဗုဒ္ဓဓမ္မပညာရေးနယ်ပယ်တွင် နိုင်ငံ့ဂုဏ်ကို ဆောင်သည့် တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်သရေရှိရှိ၊ အဆင့်အတန်းမြင့်မြင့် သက်ဝင်ရှင်သန်နိုင်ဖို့အရေး သာသနာ့ဒါယိကာ၊ ဒါယိကာမများက အထူးအလေးထား အားပေးကြရမှာ ဖြစ်ပါကြောင်း၊ မိမိဦးဆောင်ဦးရွက်ပြုသည့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအနေဖြင့် ဗုဒ္ဓ၊ ဓမ္မ မဏ္ဍိုင်ကြီးမယိုင်မလဲ အရှည်တည်မြဲ နိုင်စေရန်အတွက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရားများ ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ လာရောက်စဉ် ဤတက္ကသိုလ်ပရဝုဏ်အတွင်း သဲခင်းကျောက်ခင်းလမ်းများဟာ အနိမ့်အမြင့် မညီမညာ၊ သွားရလာရ သက်တောင့်သက်သာမရှိ တွေ့မြင်ခဲ့ရတဲ့အတွက် သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များအားလုံး မပင်မပန်းအေးချမ်း ဖြောင့်ဖြူးစွာ သာသနာ့ဝန်ထမ်းနိုင်စေရန် စေတနာရည်သန်ပြီး တက္ကသိုလ်ကြီးရဲ့ ထည်ဝါမှုနှင့်လိုက်လျောညီထွေမှုရှိစေရေး အဓိပတိလမ်းမကြီးအား ၁၈ ပေအကျယ်၊ ၉ လက်မထု၊ သံကူကွန်ကရစ်လမ်း၊ ၅၁၈၈ ပေ၊ စာသင်တိုက် အတွင်းလမ်းများအား ၁၂ ပေအကျယ်၊ ၉ လက်မထု၊ သံကူကွန်ကရစ်လမ်း ၂၂၀၈ ပေ၊ တက္ကသိုလ်ကြီးအတွင်း လာရောက်သောယာဉ်များ အဆင်ပြေချောမွေ့စွာ ရပ်နားနိုင်ရန် အတွက်ကိုလည်း (၁၀၀ဒ _ ၅၀ဒ)အရွယ်အစား ၉ လက်မထု သံကူကွန်ကရစ် ယာဉ်ရပ်နားကွင်း ၂ ကွင်း၊ (၈၀ ဒ _ ၅၀ဒ) အရွယ်အစား ၉ လက်မထု သံကူကွန်ကရစ် ယာဉ်ရပ်နားကွင်း ၂ ကွင်း၊ အချင်း ၆၀ ပေရှိ တက္ကသိုလ်လမ်းအဝိုင်းပတ် ၁ ခုတို့ကိုတပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ သဒ္ဒါရွှင်လန်း တည်ဆောက်လှူဒါန်းခဲ့ပါကြောင်း၊ ဤလမ်းကို အသုံးပြုကြသည့် ရဟန်းရှင်လူအပေါင်းအနေနှင့် ကိုယ်၊ စိတ်ချမ်းသာမှု ခံစားရမည်ဟု မိမိယုံကြည်ပါကြောင်း၊ မိမိတို့ လူပုဂ္ဂိုလ်များအနေဖြင့် ဆရာတော်၊ သံဃာတော်တို့၏ ဓမ္မဝိနည်းနှင့်အညီ ညွှန်ကြားသင်ကြားပေးသည့် အဆုံးအမသြဝါဒများကို နာယူမှတ်သားကျင့်ကြံပွားများ အားထုတ်ကြခြင်း၊ ဆရာတော်၊ သံဃာတော်တို့သည်လည်း ဘုရားတပည့်တော်တို့ရဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အထောက်အကူဖြင့် ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော် ၃ ရပ် အစဉ်တည်တံ့ ပြန့်ပွားနိုင်အောင် စွမ်းဆောင်ခြင်းတို့ဖြင့် ဆရာနှင့်ဒကာ အပြန်အလှန်တွဲယှက် မှီခိုကာ “ဗုဒ္ဓမြတ်စွာ သာသနာ၊ ဆရာ ဒကာ နှစ်ဖြာပါမှ၊ သာယာဖြိုးမောက် လွန်ထွန်း တောက်လိမ့်” ဆိုသည့်အတိုင်း လက်တွဲညီညီ ဆောင်ရွက်ကြပါ မည့်အကြောင်း လျှောက်ထားတင်ပြသည်။ 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော်ကြီးထံသို့ သန္ဓမ္မသုံးဖြာ သာသာနာတော်မြတ်ကြီး စည်ပင်တိုးတက်ပြန့်ပွားစေရန်အတွက် ဓမ္မဒူတ ဆေကိန္နတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် စာသင်တိုက်ကြီး၏ လမ်းသစ်ခင်းမှု မှတ်တမ်း များကို သဟတ္တိကမြောက် ကိုယ်တိုင်လက်ရောက်ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဓမ္မဒူတ ဆေကိန္ဒတက္ကသိုလ် ဖွင့်လှစ် ခြင်းအထိမ်းအမှတ်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်သည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နိုင်ငံတော် မဟာသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မမဇောတိက ဘဒ္ဒန္တသြဘာသအားလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် ရွှေကျင်နိယာက ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင် သာသနာပိုင် မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

အဆိုပါ ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီးအား ထေရဝါဒဗုဒ္ဓတရားတော်များ ကို သင်ယူခြင်း၊ လိုက်နာကျင့်သုံးခြင်းဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ငြိမ်းချမ်းရေးမှသည် ကမ္ဘာ့ လူသားတို့၏ငြိမ်းချမ်းရေးအထိ တည်ဆောက်သွားနိုင်မည်ဟု လေးနက်စွာယုံကြည်မှု ရှိသည့်အားလျော်စွာ ဓမ္မဒူတ သာသနာပြုပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်ပေးပြီး ဗုဒ္ဓသာသ နာတော် ပြန့်ပွားရေးကို ဦးစားပေးဆောင်ရွက်ရန်ရည်မှန်းပြီး ထေရဝါဒဗုဒ္ဓတရားတော် များကို ခေတ်မီပညာရေး နည်းစနစ်များဖြင့် သင်ကြားပေးရန်၊ သင်ယူမူ(ပရိပတ္တိ)နှင့် အားထုတ်မှု(ပဋိပတ္တိ)ကို ပူးတွဲလေ့ကျင့်သင်ကြားပေးရန်နှင့် ဗုဒ္ဓဘာသာ ဆိုင်ရာအဆင့်မြင့် စာပေများသင်ယူပြီး လောကအကျိုး၊ ဓမ္မအကျိုးဆောင်နိုင်သော သာသနာပြုပုဂ္ဂိုလ်များ ကိုလေ့ကျင့် သင်ကြားပေးရန် မျှော်မှန်း၍ ရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌ မဟာနာယက စုဒ္ဓသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် ဘုရားကြီးနှင့် ရွှေကျင်နိကာယ အဓိပတိ ဥက္ကဋ္ဌ မဟာနာယက ပန္နသမရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး တို့၏ချီးမြှောက်စီမံ ဦးဆောင်မှုတို့ဖြင့်ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို သုံးနှစ်တစ်ကြိမ်ဖြင့် သုံးကြိမ်တိုင်တိုင်ဆက်တိုက်ပူဇော်ကျင်းပ ပြုလုပ်အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်ကြီးတွင် ဝိနယဌာန၊ သုတ္တန္တဌာန၊ အဘိဓမ္မဌာန၊ ကမ္မဋ္ဌာန ဘာဝနာဌာန၊ ဗုဒ္ဓဘာသာ ဒဿနိကဌာန၊ ပါဠိစာပေဌာန၊ ဗုဒ္ဓဘာသာသမိုင်းနှင့် ယဉ်ကျေးမှု ဌာန၊ သုတေသနဌာန၊ ကွန်ပျူတာဌာန၊ ဘာသာစကားဌာနတို့ ဖွဲ့စည်းထားပြီး အင်္ဂလိပ် စာနှင့် ကွန်ပျူတာ (Level 1/2) ၊ မဟာဝိဇ္ဇာတန်း(ပါဠိနှင့်ဗုဒ္ဓစာပေ)နှင့် ပါရဂူတန်း (ပါဠိနှင့်ဗုဒ္ဓစာပေ) တို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

Recent News