တပ္မေတာ္သားအေယာင္ေဆာင္၍ ဖမ္းဆီးႏွိပ္စက္မႈမ်ားရွိပါက သက္ဆုိင္ရာမ်ားသို႔တုိင္ၾကားႏုိင္

 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၆

ရခုိင္ျပည္နယ္၊ ေျမာက္ဦး-ေက်ာက္ေတာ္-စစ္ေတြကားလမ္း၏ အေရွ႕ဘက္ေတာင္ကုန္းမ်ားတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားက ေလ့က်င့္ေရးစခန္းဖြင့္လွစ္ရန္ႏွင့္ စည္း႐ံုးေရးနယ္ေျမ တည္ေဆာက္ရန္အတြက္ေရာက္ရွိလာၿပီး အမ်ားျပည္သူအသံုးျပဳလ်က္ရွိေသာ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားကို ေႏွာင့္ယွက္ဖ်က္ဆီးမႈမ်ားေဆာင္ရြက္လာသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေက်ာက္ေတာ္ၿမိဳ႕နယ္ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း လံုၿခံဳေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္းႏွင့္ ထုိသို႔ေဆာင္ရြက္ခဲ့ျခင္းေၾကာင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ အေလာင္းမ်ား၊ လက္နက္၊ ခဲယမ္းမ်ား၊ ဆက္စပ္ပစၥည္းမ်ား၊ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ တပ္မေတာ္သံုးအဆင့္တံဆိပ္၊ ပခံုးေဒါက္ႏွင့္ ေကာ္လံတံဆိပ္မ်ား သိမ္းဆည္းရမိေၾကာင္းကုိ ေဖေဖာ္၀ါရီ ၁၉ ရက္ႏွင့္ ယေန႔တို႔တြင္ သတင္းထုတ္ျပန္မႈမ်ားျပဳလုပ္ခဲ့ပါသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ေက်းရြာေန ျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တပ္မေတာ္အသံုးအေဆာင္ ပစၥည္းမ်ား၀တ္ဆင္၍ တပ္မေတာ္သားအေယာင္ေဆာင္ကာ အေၾကာင္းမဲ့ဖမ္းဆီးႏွိပ္စက္ျခင္း၊ ဖမ္းဆီးေခၚေဆာင္သြားျခင္းႏွင့္ မင္းမဲ့စ႐ုိက္ဆန္ဆန္အျပဳအမူမ်ားျပဳလုပ္ျခင္းမ်ားကို ေဆာင္ရြက္ ေနေၾကာင္း ေဒသခံျပည္သူမ်ား၏သတင္းေပးခ်က္အရႏွင့္ သိမ္းဆည္းရမိခဲ့ေသာ အေထာက္ အထားမ်ားအရသိရွိရသည့္အျပင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌လည္း စြပ္စြဲ၀ါဒျဖန္႔မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ေတြ႕ရသည္။

ထိုသို႔ေဆာင္ရြက္မႈမ်ားသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ တပ္မေတာ္အေပၚ အထင္မွားအျမင္မွားျဖစ္ေစရန္ရည္ရြယ္၍ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး တပ္မေတာ္ႏွင့္ ေဒသခံ ျပည္သူလူထုစိတ္၀မ္းကြဲ၍ ေဒသမတည္မၿငိမ္ျဖစ္ေစရန္ ေဆာင္ရြက္ျခင္းျဖစ္သည္။

သို႔ျဖစ္ပါ၍ ၿမိဳ႕နယ္၊ ေက်းရြာမ်ားအလုိက္ တပ္မေတာ္သားအေယာင္ေဆာင္၍ အေၾကာင္းမဲ့ ဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္းမ်ားျပဳလုပ္ေနသည္ကို ေတြ႕ရွိရပါက သက္ဆုိင္ရာရဲစခန္းမ်ားႏွင့္ တုိင္းစစ္ဌာနခ်ဳပ္သို႔ အေထာက္အထားႏွင့္တကြ အေၾကာင္းၾကားတုိင္ၾကားျခင္းျဖင့္ ေဒသလံုၿခံဳေရး အား တပ္မေတာ္၊ လံုၿခံဳေရးအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္ၾကပါရန္ တုိက္တြန္းေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

တပ်မတော်သားအယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှုများရှိပါက သက်ဆိုင်ရာများသို့တိုင်ကြားနိုင်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေ တည်ဆောက်ရန်အတွက်ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများဆောင်ရွက်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများ၊ လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များ သိမ်းဆည်းရမိကြောင်းကို ဖေဖော်ဝါရီ ၁၉ ရက်နှင့် ယနေ့တို့တွင် သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့ပါသည်။

ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်အသုံးအဆောင် ပစ္စည်းများဝတ်ဆင်၍ တပ်မတော်သားအယောင်ဆောင်ကာ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူများပြုလုပ်ခြင်းများကို ဆောင်ရွက် နေကြောင်း ဒေသခံပြည်သူများ၏သတင်းပေးချက်အရနှင့် သိမ်းဆည်းရမိခဲ့သော အထောက် အထားများအရသိရှိရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ၌လည်း စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

ထိုသို့ဆောင်ရွက်မှုများသည် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ် အထင်မှားအမြင်မှားဖြစ်စေရန်ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး တပ်မတော်နှင့် ဒေသခံ ပြည်သူလူထုစိတ်ဝမ်းကွဲ၍ ဒေသမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော်သားအယောင်ဆောင်၍ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများပြုလုပ်နေသည်ကို တွေ့ရှိရပါက သက်ဆိုင်ရာရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထားနှင့်တကွ အကြောင်းကြားတိုင်ကြားခြင်းဖြင့် ဒေသလုံခြုံရေး အား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News