ျမန္မာ-အိႏၵိယ 4th Army to Army Staff Talks အစည္းအေဝး တက္ေရာက္ရန္ အတြက္ အိႏၵိယ တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ ေရာက္ရွိ

ျမန္မာ-အိႏၵိယ 4th Army to Army Staff Talks အစည္းအေဝး တက္ေရာက္ရန္ အတြက္ အိႏၵိယ တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ ေရာက္ရွိ 

 

ေနျပည္ေတာ္ မတ္ ၁၂

 

 ေနျပည္ေတာ္၌ က်င္းပျပဳလုပ္မည့္ ျမန္မာ-အိႏၵိယ 4th Army to Army Staff Talks အစည္းအေဝး တက္ေရာက္ရန္အတြက္ အိႏၵိယ တပ္မေတာ္မွ Major General Pradeep Chandran Nair ဦးေဆာင္ေသာ ကုိယ္စားလွယ္ အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ေလ ေၾကာင္းခရီးျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ေရာက္ရွိရာ ရန္ကုန္တုိင္းစစ္ဌာန ခ်ဳပ္မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏိုင္ငံ စစ္သံမွဴး Colonel Naveen Mahajan ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။ 

 

ထုိ႔ေနာက္ ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိခဲ့ၾကၿပီး အမ်ဳိးသားျပတိုက္သုိ႔ သြားေရာက္ေလ့လာ ခဲ့ၾကသည္။ အဆုိပါ ကုိယ္စားလွယ္ အဖြဲ႕သည္ ျမန္မာႏုိင္ငံသုိ႔ ေရာက္ရွိေနစဥ္ အတြင္း ျမန္မာ-အိႏၵိယ 4th Army to Army Staff Talks အစည္းအေဝး ျပဳလုပ္ျခင္း၊ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕တုိ႔ရွိ အထင္ကရေနရာမ်ား၊ တန္ခုိးႀကီးဘုရား မ်ားအား သြားေရာက္ဖူးေျမာ္ ေလ့လာသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မြန်မာ-အိန္ဒိယ 4th Army to Army Staff Talks အစည်းအဝေး တက်ရောက်ရန် အတွက် အိန္ဒိယ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ 

နေပြည်တော် မတ် ၁၂ 

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် မြန်မာ-အိန္ဒိယ 4th Army to Army Staff Talks အစည်းအဝေး တက်ရောက်ရန်အတွက် အိန္ဒိယ တပ်မတော်မှ Major General Pradeep Chandran Nair ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေ ကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 

ထို့နောက် နေ့လယ်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြပြီး အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ ခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း မြန်မာ-အိန္ဒိယ 4th Army to Army Staff Talks အစည်းအဝေး ပြုလုပ်ခြင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရား များအား သွားရောက်ဖူးမြော် လေ့လာသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News