တပ္မေတာ္ ညႇိႏႈိင္း ေဆြးေႏြးေရး အဖဲြ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ (RCSS) ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကိုယ္စားလွယ္ အဖဲြ႕တို႔ ေတြ႕ဆံု ေဆြးေႏြး 

တပ္မေတာ္ ညႇိႏႈိင္း ေဆြးေႏြးေရး အဖဲြ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ (RCSS) ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကိုယ္စားလွယ္ အဖဲြ႕တို႔ ေတြ႕ဆံု ေဆြးေႏြး 

ေနျပည္ေတာ္ မတ္ ၁၂ 

 

တပ္မေတာ္ ညႇိႏႈိင္း ေဆြးေႏြးေရးအဖဲြ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကိုယ္စားလွယ္ အဖဲြ႕တုိ႔သည္ ယေန႔တြင္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္၊ ေပါင္းေလာင္းရိပ္သာ၌ ေတြ႕ဆံု ေဆြးေႏြး မႈမ်ား ျပဳလုပ္ၾကသည္။ 

 

ထုိသို႔ေတြ႕ဆံုရာတြင္ တပ္မေတာ္၊ RCSS/SSA ႏွင့္ SSPP/SSA အဖဲြ႕တုိ႔ သံုးပြင့္ဆုိင္ ေဆြးေႏြးေရး ဆုိင္ရာ ကိစၥရပ္မ်ား၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ ျဖစ္ပြားေနေသာ တုိက္ပြဲမ်ား ေလွ်ာ့ခ်ေရးႏွင့္ ပဋိပကၡျဖစ္စဥ္မ်ား ေလွ်ာ့ခ်ႏုိင္ေရး ဆုိင္ရာ ကိစၥရပ္မ်ား၊ တုိက္ပြဲေရွာင္ ျပည္သူလူထု (IDP) မ်ား ၎တုိ႔၏ မူရင္းေနရပ္သို႔ ျပန္လည္ ပို႔ေဆာင္ေရး ဆုိင္ရာ ကိစၥရပ္မ်ား၊ NCA လမ္းေၾကာင္း အေကာင္အထည္ေဖာ္မႈတြင္ နားလည္မႈ လြဲမွားေနသည့္ သေဘာထား အျမင္မ်ားအား လိုအပ္ ခ်က္ အေပၚမူတည္ၿပီး ေတြ႕ဆံုေဆြးေႏြးေရး ဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ အေရးေပၚ ဆက္သြယ္ ႏုိင္သည့္ လမ္းေၾကာင္း သတ္မွတ္ ေဆာင္ရြက္ေရး တုိ႔အား ရင္းႏွီး ပြင့္လင္းစြာ အျပန္အလွန္ ေဆြးေႏြးၾကသည္။ 

 

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ညႇိႏႈိင္း ေဆြးေႏြးေရးအဖဲြ႕ ဥကၠ႒ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ရာျပည့္၊ ကာကြယ္ေရး ဦးစီး ခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးတုိ႔ တက္ေရာက္ၾကၿပီး ရွမ္းျပည္ ျပန္လည္ ထူေထာင္ေရးေကာင္ စီ (RCSS) ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကိုယ္စားလွယ္အဖဲြ႕မွ စဝ္ေဘာင္ေခး ဦးေဆာင္ေသာ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည္။ ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ ညႇိႏႈိင္း ေဆြးေႏြးေရးအဖဲြ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ (RCSS) ၿငိမ္းခ်မ္းေရး ေဆြးေႏြး ေရး ကိုယ္စားလွယ္အဖြဲ႕ တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ ကာ စုေပါင္း ဓာတ္ပံု႐ိုက္ ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး 

နေပြည်တော် မတ် ၁၂ 

တပ်မတော် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်၊ RCSS/SSA နှင့် SSPP/SSA အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရေးနှင့် ပဋိပက္ခဖြစ်စဉ်များ လျှော့ချနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင် ပြည်သူလူထု (IDP) များ ၎င်းတို့၏ မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ NCA လမ်းကြောင်း အကောင်အထည်ဖော်မှုတွင် နားလည်မှု လွဲမှားနေသည့် သဘောထား အမြင်များအား လိုအပ် ချက် အပေါ်မူတည်ပြီး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် အရေးပေါ် ဆက်သွယ် နိုင်သည့် လမ်းကြောင်း သတ်မှတ် ဆောင်ရွက်ရေး တို့အား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင် စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ စဝ်ဘောင်ခေး ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေး ရေး ကိုယ်စားလှယ်အဖွဲ့ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ် ကာ စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News