ျမန္မာ-အိႏိၵယ 4th Army to Army Staff Talks အစည္းအေဝး ျပဳလုပ္

ျမန္မာ-အိႏိၵယ 4th Army to Army Staff Talks အစည္းအေဝး ျပဳလုပ္ 

ေနျပည္ေတာ္ မတ္ ၁၃

 

 ျမန္မာ-အိႏိၵယ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရး တုိးျမႇင့္ေစရန္ ရည္ရြယ္၍ ျမန္မာ-အိႏိၵယ 4th Army to Army Staff Talks အစည္း အေဝးကို ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ Aureum Palace Hotel ၌ျပဳလုပ္ရာ ကာ ကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္းႏွင့္ အရာရွိ ႀကီးမ်ား၊ အိႏိၵယတပ္မေတာ္မွ စစ္ေဆးေရး Major General Pradeep Chandran Nair ၊ ျမန္မာႏုိင္ငံဆုိင္ရာ အိႏိၵယႏုိင္ငံ စစ္သံမွဴး Colonel Naveen Mahajan, SM ႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ ႏွစ္ႏုိင္ငံ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ား အမွတ္တရစုေပါင္း ဓာတ္ပံု႐ုိက္ကူးၾကၿပီး ျမန္မာ့တပ္မေတာ္မွ ကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္းႏွင့္ အိႏိၵယတပ္မေတာ္မွ ကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ Major General Pradeep Chandran Nair တို႔က ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီး ေျပာၾကားၾကသည္။ 

 

ထုိ႔ေနာက္ အစည္းအေဝးတြင္ ျမန္မာ-အိႏိၵယ 3th Army to Army Staff Talks အစည္းအေဝး ႏွစ္ဖက္သေဘာတူညီခဲ့သည့္ အခ်က္မ်ားအား ျပန္လည္သံုးသပ္ေဆြးေႏြးျခင္း၊ ႏွစ္ႏုိင္ငံနယ္ နိမိတ္ဆုိင္ရာ ကိစၥရပ္မ်ား၊ ခ်စ္ၾကည္ေရး အားကစားဆုိင္ရာ ကိစၥရပ္မ်ား၊ သင္တန္းသားမ်ား အျပန္အလွန္ေစလႊတ္ေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ ပညာရပ္ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္မႈမ်ားအား ေဆြးေႏြးခဲ့ ၾကသည္။ အစည္းအေဝး ဒုတိယေန႔ကို မတ္ ၁၄ ရက္တြင္ ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မြန်မာ-အိန္ဒိယ 4th Army to Army Staff Talks အစည်းအဝေး ပြုလုပ် 

နေပြည်တော် မတ် ၁၃ 

မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်စေရန် ရည်ရွယ်၍ မြန်မာ-အိန္ဒိယ 4th Army to Army Staff Talks အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace Hotel ၌ပြုလုပ်ရာ ကာ ကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် အရာရှိ ကြီးများ၊ အိန္ဒိယတပ်မတော်မှ စစ်ဆေးရေး Major General Pradeep Chandran Nair ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Naveen Mahajan, SM နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်များ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် အိန္ဒိယတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Major General Pradeep Chandran Nair တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။ 

ထို့နောက် အစည်းအဝေးတွင် မြန်မာ-အိန္ဒိယ 3th Army to Army Staff Talks အစည်းအဝေး နှစ်ဖက်သဘောတူညီခဲ့သည့် အချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ နှစ်နိုင်ငံနယ် နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေး အားကစားဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ ကြသည်။ အစည်းအဝေး ဒုတိယနေ့ကို မတ် ၁၄ ရက်တွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News