ျပည္ၿမိဳ႕နယ္၊ မႈတ္ရွည္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ျပည္ၿမိဳ႕နယ္၊ မႈတ္ရွည္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ မတ္ ၁၃ 

 

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ မႈတ္ရွည္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်းရြာဓမၼာ႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၈၂ ဦးတုိ႔ကို ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊အ႐ိုး/အေၾကာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ေသြးတုိးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္သူ ငါးဦးကို ျပည္ၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရးစီစဥ္ ေဆာင္ရြက္ေပးသည္။ 

 

ထုိ႔ျပင္ ေဆးကုသေရး အဖြဲ႕က ေဒသခံ ျပည္သူမ်ားအား က်န္းမာေရးႏွင့္ လူေနမႈဘဝ ျမင့္မားေရး အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၃ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၈၂ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ငါးဦးကို ပြည်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများအား ကျန်းမာရေးနှင့် လူနေမှုဘဝ မြင့်မားရေး အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News