ေတာင္ႀကီးၿမိဳ႕နယ္၊ ေျမနီကုန္းေက်းရြာရွိ မဟာေဗာဓိ ေစတီေတာ္ႀကီးအား ေရႊထီးေတာ္ တင္လွဴပူေဇာ္ 

ေတာင္ႀကီးၿမိဳ႕နယ္၊ ေျမနီကုန္းေက်းရြာရွိ မဟာေဗာဓိ ေစတီေတာ္ႀကီးအား ေရႊထီးေတာ္ တင္လွဴပူေဇာ္ 

ေနျပည္ေတာ္ မတ္ ၁၃ 

 

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေျမနီကုန္းေက်းရြာရွိ မဟာေဗာဓိ ေစတီေတာ္ႀကီး ေရႊထီးေတာ္တင္လွဴ ပူေဇာ္ပြဲကို ယေန႔နံနက္ပုိင္းတြင္ အဆိုပါေစတီေတာ္ ႀကီး၌ျပဳလုပ္ရာ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ဦးေက်ာင္းတုိက္ ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ ဧႏၵက အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး အေရွ႕ပိုင္းတုိင္းစစ္ ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖဲြ႕ဝင္မ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား၊ ဖိတ္ၾကားထား သူမ်ားႏွင့္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက နမ့္ပင္လိန္ေက်းရြာဘုန္းေတာ္ႀကီး ေက်ာင္းဆရာေတာ္ ဘဒၵႏၲသီလာစာရထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာ ေတာ္မ်ားထံ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္ဘံုအဆင့္ဆင့္တို႔ကို ဆက္ကပ္လွဴဒါန္းၾကသည္။ ထို႔ေနာက္ သံဃာေတာ္မ်ား၊ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္ နားေတာ္ႏွင့္ ေရႊထီးေတာ္ဘံုအဆင့္ဆင့္တို႔ကို ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ ပူေဇာ္ၾကၿပီး မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္ အထြတ္တြင္ တင္လွဴပူေဇာ္ၾကသည္။ 

 

ယင္း ေနာက္ တုိင္းမွဴးႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မဟာဗောဓိ စေတီတော်ကြီးအား ရွှေထီးတော် တင်လှူပူဇော် 

နေပြည်တော် မတ် ၁၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မဟာဗောဓိ စေတီတော်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ကြီး၌ပြုလုပ်ရာ တောင်ကြီးမြို့၊ မြို့ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဧန္ဒက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမ့်ပင်လိန်ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်တွင် တင်လှူပူဇော်ကြသည်။ 

ယင်း နောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News