မိုင္းခတ္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖဲြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မိုင္းခတ္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖဲြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ မတ္ ၁၃ 

 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းခတ္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား အား ယေန႔ေန႔လယ္ပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္ မ်ားက နယ္ေျမခံ တပ္နယ္ခန္းမ အသီးသီး၌ သြားေရာက္ေတြ႕ဆံုသည္။ 

 

ဦးစြာ တိုင္းမွဴးက အမွာစကား ေျပာၾကားၿပီး စစ္မႈထမ္းေဟာင္း အဖြဲဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ညိႇႏိႈင္းေဆာင္ရြက္ေပးကာ စစ္မႈထမ္းေဟာင္း အဖဲြ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားအတြက္ သြပ္၊ ေရပိုက္၊ ဘိလပ္ေျမအိတ္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

 

 ထို႔ျပင္ ျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္ ၁ဝ၁ ဦးတို႔ကို တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ မ်က္စိေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ထုိသုိ႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက လိုက္လံၾကည့္႐ႈ အားေပး ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မိုင်းခတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ အား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင် များက နယ်မြေခံ တပ်နယ်ခန်းမ အသီးသီး၌ သွားရောက်တွေ့ဆုံသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် သွပ်၊ ရေပိုက်၊ ဘိလပ်မြေအိတ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၁ဝ၁ ဦးတို့ကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေး ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News