က်ဳိက္မေရာၿမိဳ႕နယ္၊ ဥတိုေခ်ာင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

က်ဳိက္မေရာၿမိဳ႕နယ္၊ ဥတိုေခ်ာင္းေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ မတ္ ၁၃

 

 မြန္ျပည္နယ္၊ က်ဳိက္မေရာၿမိဳ႕နယ္၊ ဥတိုေခ်ာင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာ သာသနာ့မ႑ိဳင္ ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၉ဝ ဦးတို႔ကို ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးေပးျခင္းႏွင့္ အာထရာေဆာင္း ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ကုသရန္ လိုအပ္သူ ေျခာက္ဦးကို ေမာ္လၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။         

 

(Unicode Version)

 

          

ကျိုက်မရောမြို့နယ်၊ ဥတိုချောင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၃ 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဥတိုချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၉ဝ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းနှင့် အာထရာဆောင်း ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ခြောက်ဦးကို မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။         

Recent News