ရပ္ေစာက္ၿမိဳ႕နယ္ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ရပ္ေစာက္ၿမိဳ႕နယ္ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ မတ္ ၁၃ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဘန္းအုံေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားအား ယေန႔တြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ အေျခခံပညာ မူလတန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံ တိုင္းရင္းသားျပည္သူ ၁ဝ၃ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊မ်က္စိေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ ကေလးေရာဂါ၊ ခြဲစိတ္ကုသမႈ ဆုိင္ရာေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ငါးဦးကို ရပ္ေစာက္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

 

အလားတူ ေတာင္ႀကီးၿမိဳ႕နယ္၊ ဆည္လဲေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံ တိုင္းရင္းသားျပည္သူ ၁၅ဝ ဦးကိုလည္း မတ္၁၂ ရက္တြင္ တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ ေအာင္ေျမသာယာ ဓမၼာ႐ံု၌ သားဖြား/ မီးယပ္ ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။      

 

(Unicode Version)

 

  ရပ်စောက်မြို့နယ်နှင့် တောင်ကြီးမြို့နယ်များရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဘန်းအုံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁ဝ၃ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊မျက်စိရောဂါ၊ အရိုး/ အကြောရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ငါးဦးကို ရပ်စောက်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

အလားတူ တောင်ကြီးမြို့နယ်၊ ဆည်လဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူ ၁၅ဝ ဦးကိုလည်း မတ်၁၂ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အောင်မြေသာယာ ဓမ္မာရုံ၌ သားဖွား/ မီးယပ် ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြော ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News