လင္းေခးၿမိဳ႕နယ္၊ ေနာင္လံုေက်းရြာ အုပ္စုအတြင္းရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

လင္းေခးၿမိဳ႕နယ္၊ ေနာင္လံုေက်းရြာ အုပ္စုအတြင္းရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ မတ္ ၁၄ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လင္းေခးၿမိဳ႕နယ္၊ ေနာင္လုံေက်းရြာအုပ္စု၊ ပုန္းေလာင္းေက်းရြာ၊ ပန္တဝိေက်းရြာႏွင့္ ေဟြ႕နိမ့္ေက်းရြာမ်ားရွိ ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား မတ္ ၁၁ ရက္ႏွင့္ ၁၂ ရက္တို႔တြင္ အေရွ႕ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာမ်ားရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ အေျခခံပညာ မူလတန္းေက်ာင္းတို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတိုင္းရင္းသား ျပည္သူ စုစုေပါင္း ၂၁၄ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

 

 ထို႔ေနာက္ ေဆးကုသေရးအဖြဲ႕က မတ္၁၃ ရက္တြင္ ပန္တဝိေက်းရြာရွိ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ေသာက္သံုးေရကန္ အတြင္း/အျပင္ႏွင့္ ပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေရးတို႔အား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

  လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၄ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ ပုန်းလောင်းကျေးရွာ၊ ပန်တဝိကျေးရွာနှင့် ဟွေ့နိမ့်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၂၁၄ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့နောက် ဆေးကုသရေးအဖွဲ့က မတ်၁၃ ရက်တွင် ပန်တဝိကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သောက်သုံးရေကန် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News