ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕နယ္ႏွင့္ မိုးကုတ္ၿမိဳ႕တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕နယ္ႏွင့္ မိုးကုတ္ၿမိဳ႕တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ မတ္ ၁၄ 

 

မႏၲေလးတုိင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေဒါင္းဘိုးေက်းရြာ၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေညာင္ကုန္းေက်းရြာႏွင့္ မိုးကုတ္ၿမိဳ႕ရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပုိင္းတြင္ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕မ်ားက အဆိုပါ ေက်းရြာမ်ားရွိ အေျခခံပညာ အထက္တန္းေက်ာင္းမ်ား၊ပရိယတိၱ စာသင္တိုက္ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား အသီးသီး ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ၂၅ ပါးႏွင့္ ေဒသခံျပည္သူ ၉၇၉ ဦးတို႔ကို ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္း၊ ေသြးေဖာက္ဓာတ္ခြဲ စစ္ေဆးေပးျခင္းႏွင့္ တီဗီြဓာတ္မွန္ ႐ိုက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ၁၂ ဦးတို႔အား တပ္မေတာ္ေဆး႐ံုမ်ားသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

 

ထို႔ျပင္ ေဆးကုသေရးအဖဲြ႕က ေဒါင္းဘိုးေက်းရြာရွိ ေဒသခံျပည္သူမ်ားအား သားအိမ္ ေခါင္း ကင္ဆာေရာဂါ အေၾကာင္းႏွင့္ အပူလွ်ပ္ျခင္း အေၾကာင္းတို႔ႏွင့္ ပတ္သက္၍ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

နွားထိုးကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဒေါင်းဘိုးကျေးရွာ၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များက အဆိုပါ ကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၂၅ ပါးနှင့် ဒေသခံပြည်သူ ၉၇၉ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ သွေးဖောက်ဓာတ်ခွဲ စစ်ဆေးပေးခြင်းနှင့် တီဗွီဓာတ်မှန် ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၂ ဦးတို့အား တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေါင်းဘိုးကျေးရွာရှိ ဒေသခံပြည်သူများအား သားအိမ် ခေါင်း ကင်ဆာရောဂါ အကြောင်းနှင့် အပူလျှပ်ခြင်း အကြောင်းတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News