ေတာင္ငူၿမိဳ႕ရွိ ေရွးေဟာင္းသမုိင္းဝင္ ျမတ္ေစာညီေနာင္ဘုရား ဗုဒၶပူဇနိယ (တေပါင္း) ပြဲေတာ္ဖြင့္ပြဲ၊ မုခ္ဦးဖြင့္ပြဲႏွင့္ သာသနိက အေဆာက္အအံုမ်ား ဘက္စံုျပဳျပင္ မြမ္းမံၿပီးစီးမႈ ေရစက္ခ် အလွဴေတာ္ မဂၤလာျပဳလုပ္ 

ေတာင္ငူၿမိဳ႕ရွိ ေရွးေဟာင္းသမုိင္းဝင္ ျမတ္ေစာညီေနာင္ဘုရား ဗုဒၶပူဇနိယ (တေပါင္း) ပြဲေတာ္ဖြင့္ပြဲ၊ မုခ္ဦးဖြင့္ပြဲႏွင့္ သာသနိက အေဆာက္အအံုမ်ား ဘက္စံုျပဳျပင္ မြမ္းမံၿပီးစီးမႈ ေရစက္ခ် အလွဴေတာ္ မဂၤလာျပဳလုပ္ 

 

ေနျပည္ေတာ္ မတ္ ၁၄ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ ေရွးေဟာင္းသမုိင္းဝင္ ျမတ္ေစာညီေနာင္ ဘုရား ဗုဒၶပူဇနိယ(တေပါင္း) ပြဲေတာ္ဖြင့္ပြဲ၊ မုခ္ဦးဖြင့္ပြဲႏွင့္ သာသနိက အေဆာက္အအံုမ်ား ဘက္စံုျပဳျပင္ မြမ္းမံၿပီးစီးမႈ ေရစက္ခ် အလွဴေတာ္မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ဘုရား၌ျပဳလုပ္ရာ ေတာင္ငူၿမိဳ႕ႏွင့္ အနီးဝန္းက်င္ စာသင္တိုက္မ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားမွ ဆရာေတာ္ႀကီးမ်ားႏွင့္ သံဃာေတာ္ ၄၈ ပါး ၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးဝင္းႏွင့္အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဌာနဆုိင္ရာမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ နဂါး႐ံုဇီးေတာစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲပ႑ဝ၊ တုိင္းမွဴးႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက ေရွးေဟာင္းသမုိင္းဝင္ ျမတ္ေစာညီေနာင္ဘုရား ဗုဒၶပူဇနိယ(တေပါင္း) ပြဲေတာ္ႏွင့္အသစ္ျပန္လည္ ေဆာက္လုပ္လွဴဒါန္းသည့္ ျမတ္ေစာညီေနာင္ ဘုရားမုခ္ဦးတို႔ကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္ၾကသည္။ 

 

ထို႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက ေတာင္ငူၿမိဳ႕၊ ဝိသုဒၶါ႐ံံုသိမ္ၪဳး ေက်ာင္းစာသင္တိုက္ ဆရာေတာ္ မဓုရဘာနီ အရွင္ေသာပါကထံမွ ငါးပါးသီလခံယူေဆာက္ တည္ၾကသည္။ ယင္းေနာက္ သံဃာေတာ္မ်ားအား သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈအစုစုတို႔ အတြက္ အႏုေမာဒနာ တရားနာၾကားကာ ေရစက္သြန္းခ် အမွ်ေပးေဝၾကၿပီး သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား ဗုဒ္ဓပူဇနိယ (တပေါင်း) ပွဲတော်ဖွင့်ပွဲ၊ မုခ်ဦးဖွင့်ပွဲနှင့် သာသနိက အဆောက်အအုံများ ဘက်စုံပြုပြင် မွမ်းမံပြီးစီးမှု ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် မတ် ၁၄ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် ဘုရား ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်ဖွင့်ပွဲ၊ မုခ်ဦးဖွင့်ပွဲနှင့် သာသနိက အဆောက်အအုံများ ဘက်စုံပြုပြင် မွမ်းမံပြီးစီးမှု ရေစက်ချ အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုရား၌ပြုလုပ်ရာ တောင်ငူမြို့နှင့် အနီးဝန်းကျင် စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်ကြီးများနှင့် သံဃာတော် ၄၈ ပါး ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ နဂါးရုံဇီးတောစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ၊ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်နှင့်အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းသည့် မြတ်စောညီနောင် ဘုရားမုခ်ဦးတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက တောင်ငူမြို့၊ ဝိသုဒ္ဓါရံုံသိမ်ဉုး ကျောင်းစာသင်တိုက် ဆရာတော် မဓုရဘာနီ အရှင်သောပါကထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ယင်းနောက် သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News