ေက်ာက္ႀကီးၿမိဳ႕နယ္ အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေက်ာက္ႀကီးၿမိဳ႕နယ္ အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ မတ္ ၁၄ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္ အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအားမတ္ ၁၃ ရက္ နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက မံုးၿမိဳ႕၊ နယ္ေျမခံတပ္ရင္း ခန္းမ၌ သြားေရာက္ေတြ႕ဆံုသည္။ 

 

ဦးစြာ တုိင္းမွဴးက အမွာစကား ေျပာၾကားၿပီး စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ညိႇႏႈိင္းေဆာင္ရြက္ေပးကာ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔ျပင္ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ ၆၅ ဦးတုိ႔ကို တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးေပးျခင္းႏွင့္Ultrasound ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိသုိ႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လုိက္လံၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ကျောက်ကြီးမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၁၄ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားမတ် ၁၃ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက မုံးမြို့၊ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၆၅ ဦးတို့ကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းနှင့်Ultrasound ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News