ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း အိႏိၵယတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္အား လက္ခံေတြ႕ဆံု

 

ေနျပည္ေတာ္၊ မတ္ - ၁၅

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းသည္ ျမန္မာ-အိႏိၵယ 4th  Army to Army Staff Talk အစည္းအေဝး တက္ေရာက္ခဲ့သည့္ အိႏိၵယတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ စစ္ေဆးေရးအရာရွိခ်ဳပ္ Major General Pradeep Chandran Nair ဦးေဆာင္ေသာအဖြဲ႕အား ယေန႕နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံု သည္။

ထုိသို႔ေတြ႕ဆံုစဥ္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးတုိးျမႇင့္ေဆာင္ရြက္ေရး၊ နယ္စပ္ေဒသလံုၿခံဳေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္မ်ားႏွင့္ ျမန္မာ-အိႏိၵယ 4th  Army to Army Staff Talk အစည္းအေဝး က်င္းပႏိုင္ခဲ့မႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း)ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏိၵယတပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ စစ္ေဆးေရးအရာရွိခ်ဳပ္ Major General Pradeep Chandran Nair ႏွင့္အတူ ျမန္မာႏိုင္ငံဆုိင္ရာ အိႏိၵယႏိုင္ငံစစ္သံမွဴး Colonel Naveen Mahajan, SM ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အိႏိၵယတပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕ေခါင္းေဆာင္ စစ္ေဆးေရးအရာရွိခ်ဳပ္တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် - ၁၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ-အိန္ဒိယ 4th  Army to Army Staff Talk အစည်းအဝေး တက်ရောက်ခဲ့သည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ် Major General Pradeep Chandran Nair ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာ-အိန္ဒိယ 4th  Army to Army Staff Talk အစည်းအဝေး ကျင်းပနိုင်ခဲ့မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ် Major General Pradeep Chandran Nair နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan, SM နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စစ်ဆေးရေးအရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News