(၁၅)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယ ပြဲေတာ္ႏွင့္ အသံမစဲ မဟာပ႒ာန္း ရြတ္ဖတ္ပူေဇာ္ပြဲ ဖြင့္ပြဲျပဳလုပ္

 

ေနျပည္ေတာ္ မတ္ ၁၅

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ က်က္သေရေဆာင္ ေရႊဘုန္းပြင့္ ေစတီေတာ္ျမတ္ႀကီး၏(၁၅)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယ ပြဲေတာ္ႏွင့္ အသံမစဲ မဟာပ႒ာန္း ရြတ္ဖတ္ပူေဇာ္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေစတီေတာ္ျမတ္ႀကီး ဓမၼာ႐ံု၌ ျပဳလုပ္ရာ ေတာင္ႀကီးၿမိဳ႕၊ မင္းကြန္းပရိယတၱိ စာသင္တိုက္ႀကီး၏ ဦးစီးပဓာနနာယက ျပည္နယ္သံဃနာယကအဖြဲ႕ ဥကၠ႒ အဂၢမဟာ ဂႏၳ၀ါစက ပ႑ိတအဂၢမဟာ ပ႑ိတ ဘဒၵႏၲပညာသီရိ အမွဴးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၾကၿပီး အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖဲြ႕ဝင္မ်ား၊ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ား၊ ေဂါပကအဖဲြ႕ဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက ရွမ္းျပည္နယ္ သံဃနာယကအဖြဲ႕ ဥကၠ႒ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ား၊ ေစတနာရွင္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားထံ သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။ အဆိုပါ အသံမစဲမဟာပ႒ာန္း ရြတ္ဖတ္ပူေဇာ္ပြဲကို မတ္ ၂ဝ ရက္အထိ ရြတ္ဖတ္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏(၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ မင်းကွန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက သံဃာတော်များထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၂ဝ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News