ေကာ့ေသာင္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူေနသူမ်ားအားၾကည့္႐ႈ

 

ေနျပည္ေတာ္ မတ္ ၁၅

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔နံနက္ပုိင္းတြင္ ကမ္း႐ုိးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္ ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈၿပီး တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈ၊ ေဆးဝါးကုသေပးထားမႈႏွင့္ က်န္းမာေရး တုိးတက္မႈ အေျခအေနမ်ားကို ရင္းရင္းႏွီးႏွီး ေမးျမန္းအားေပးစကား ေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအားကြည့်ရှု

နေပြည်တော် မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News