
 

နေပြည်တော် မတ် ၁၅



(Unicode Version)

မြင်းခြံခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်မိသားစု ၂၅၈ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/ အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News