လား႐ိႈးၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၅

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ လား႐ိႈးၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္ရွိ သံဃာေတာ္မ်ား၊ သီလရွင္ ဆရာႀကီးမ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ရပ္ကြက္ရွိ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ငါးပါး၊ သီလရွင္သံုးပါးႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူ ၄ဝ၇ ဦးတုိ႔ကို မ်က္စိေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာ ဆုိင္ရာေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ အဆုတ္ႏွင့္ အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ အသည္းႏွင့္ ပတ္သက္သည့္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး အေရးေပၚခြဲစိတ္ လူနာတစ္ဦးကို ခြဲစိတ္ကုသေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေဆးရံုတက္ေရာက္ကုသရန္ လိုအပ္သူ ၃၇ ဦးကို လား႐ိႈးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ သံဃာတော်များ၊ သီလရှင် ဆရာကြီးများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်ငါးပါး၊ သီလရှင်သုံးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၄ဝ၇ ဦးတို့ကို မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အသည်းနှင့် ပတ်သက်သည့်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အရေးပေါ်ခွဲစိတ် လူနာတစ်ဦးကို ခွဲစိတ်ကုသဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃၇ ဦးကို လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News