ေတာင္ငူၿမိဳ႕နယ္၊ အင္ဒုိင္းေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၅

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ အင္ဒုိင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား မတ္ ၁၄ ရက္ နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ သာသနသိပၸံစာသင္တုိက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၅၆ ဦးတို႔ကိုသြားႏွင့္ ခံတြင္းေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံု တက္ေရာက္ကုသရန္ လိုအပ္သူ ေျခာက္ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား မတ် ၁၄ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သာသနသိပ္ပံစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၅၆ ဦးတို့ကိုသွားနှင့် ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ခြောက်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News