မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးကုန္းေျမရွိ ဝိဇယဓမၼသဘင္ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၅

သတၱမအႀကိမ္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္အဖြဲ႕ သတၱမအစည္းအေဝးသို႔ တက္ေရာက္လာၾကေသာ ႏုိင္ငံေတာ္ၾသဝါဒါ စရိယဆရာေတာ္ႀကီးမ်ား၊ ႏိုင္ငံေတာ္သံဃ မဟာနာယကဆရာေတာ္ႀကီးမ်ား၊ ႏုိင္ငံေတာ္ ဗဟိုသံဃာ့ဝန္ေဆာင္ ဆရာေတာ္ႀကီးမ်ား၊ ကမၻာေအးကုန္းေျမတြင္ ယဥ္ေက်းလိမၼာ သင္တန္းတက္ေရာက္လ်က္ ရွိေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သာသနာေရး ဝန္ထမ္းမ်ားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးကုန္းေျမရွိ ဝိဇယဓမၼသဘင္ ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ၃၃ဝ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သာသနာ့ဝန္ထမ္း ၁၂ဝ ဦးတို႔ကုိ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ႏွလုံးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သည့္ သံဃာေတာ္ ငါးပါးကို ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုႀကီးသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ သံဃာေတာ္ မ်ားအား တုိင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားက လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယဓမ္မသဘင်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၅

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကမ္ဘာအေးကုန်းမြေတွင် ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်လျက် ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် သာသနာရေး ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယဓမ္မသဘင် ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၃၃ဝ ပါး၊ ကျောင်းသား၊ ကျောင်းသူများနှင့် သာသနာ့ဝန်ထမ်း ၁၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော် ငါးပါးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီးသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် သံဃာတော် များအား တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News