ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈခံယူေနသူမ်ားအား ၾကည့္႐ႈအားေပး

 

ေနျပည္ေတာ္ မတ္ ၁၆

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ မိသားစု၀င္မ်ား၊ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖဲြ႕က နယ္လွည့္ေဆးကုသေရးလုပ္ငန္းမ်ားေဆာင္ရြက္ေပးခဲ့စဥ္ ေဆး႐ံု တက္ေရာက္ကုသမႈခံယူေစလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္အဖဲြ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈ၊ ေဆး၀ါးကုသေပးထားမႈႏွင့္ က်န္းမာေရးတိုးတက္ေကာင္းမြန္မႈ အေျခအေနမ်ားအား ေမးျမန္းအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕၀င္မ်ားသည္ ေဆး႐ံုအတြင္းလွည့္လည္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က နယ်လှည့်ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့စဉ် ဆေးရုံ တက်ရောက်ကုသမှုခံယူစေလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News