ေရႊျပည္သာၿမိဳ႕နယ္အတြင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၁)ရပ္ကြက္ႏွင့္ ပတ္၀န္းက်င္ရပ္ကြက္မ်ားရွိ သံဃာေတာ္မ်ား၊ သာသနာ့အႏြယ္၀င္သီလရွင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါရပ္ကြက္ရွိ အေနာက္အုတ္က်င္း ေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၁၂ ပါး၊ သာသနာ့အႏြယ္၀င္ သီလရွင္ ရွစ္ပါးႏွင့္ ေဒသခံျပည္သူ ၃၈၂ ဦးတို႔အား ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရွှေပြည်သာမြို့နယ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ အနောက်အုတ်ကျင်း ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၂ ပါး၊ သာသနာ့အနွယ်ဝင် သီလရှင် ရှစ်ပါးနှင့် ဒေသခံပြည်သူ ၃၈၂ ဦးတို့အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News