စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအားေတြ႕ဆံု က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအား ေတြ႕ဆံုပြဲကို ယေန႔နံနက္ပိုင္းတြင္ နယ္ေျမခံတပ္ရင္းရွိ မဲသေ၀ါခန္းမ၌ျပဳလုပ္ရာ အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္းႏွင့္အဖြဲ႕၀င္မ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ားညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ဂုဏ္ျပဳလက္ေဆာင္မ်ားေပးအပ္သည္။

ထုိ႔ျပင္ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က စစ္မႈထမ္းေဟာင္းအဖဲြ႕၀င္ ၂၂၂ ဦးအား ခြဲစိတ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္း၊ ေသြးေဖာက္ဓာတ္ခြဲစစ္ေဆးေပးျခင္းႏွင့္ တီဗီြဓာတ္မွန္႐ိုက္ေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ၅၀ ဦးတုိ႔အား ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက လိုက္လံၾကည့္႐ႈအားေပးၿပီး လိုအပ္ သည္မ်ားညိႇႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းရှိ မဲသဝေါခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၂၂၂ ဦးအား ခွဲစိတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ သွေးဖောက်ဓာတ်ခွဲစစ်ဆေးပေးခြင်းနှင့် တီဗွီဓာတ်မှန်ရိုက်ပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၅၀ ဦးတို့အား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ် သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News