
 

နေပြည်တော် မတ် ၁၆



(Unicode Version)

ခိုလမ်မြို့၊ ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)၌ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆေးရုံဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News