မိုင္းခတ္ၿမိဳ႕နယ္၊ ေနာင္ဖူေက်းရြာႏွင့္ ပတ္၀န္းက်င္ေတာင္ေပၚေဒသေက်းရြာမ်ားရွိ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းခတ္ၿမိဳ႕နယ္၊ ေနာင္ဖူေက်းရြာႏွင့္ ပတ္၀န္းက်င္ေတာင္ေပၚေဒသ ေက်းရြာမ်ားရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား မတ္ ၁၅ ရက္နံနက္ပိုင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊နယ္လွည့္ေဆးကုသေရးအဖဲြ႕က အဆိုပါေက်းရြာရွိ အေျခခံပညာမူလတန္းလြန္ေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က ေဒသခံတုိင္းရင္းသားျပည္သူ ၃၁၈ ဦးအား ခြဲစိတ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴးဗိုလ္ခ်ဳပ္ခင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး ေဒသခံတုိင္းရင္းသားျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ ေတာင္ေပၚေဒသရွိ ဖာလန္ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း သို႔သြားေရာက္၍ ဖာလန္ရြာဘုန္းေတာ္ႀကီးေက်ာင္းဆရာေတာ္ ဘဒၵႏၲေရ၀တအား ဖူးေျမာ္၍ သကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေဒသခံရြာသူရြာသားမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆံုႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုင်းခတ်မြို့နယ်၊ နောင်ဖူကျေးရွာနှင့် ပတ်ဝန်းကျင်တောင်ပေါ်ဒေသကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ နောင်ဖူကျေးရွာနှင့် ပတ်ဝန်းကျင်တောင်ပေါ်ဒေသ ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား မတ် ၁၅ ရက်နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၃၁၈ ဦးအား ခွဲစိတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တောင်ပေါ်ဒေသရှိ ဖာလန်ကျေးရွာဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ ဖာလန်ရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တရေဝတအား ဖူးမြော်၍ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံရွာသူရွာသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News