
 

နေပြည်တော် မတ် ၁၆



(Unicode Version)

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

နေပြည်တော် မတ် ၁၆

(၇၄)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အရာတော်မြို့နယ်၊ စေတနာ သွေးသန့်သွေးလှူရှင်အသင်းမှ သွေးအလှူရှင်များက ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ဦးစွာ သွေးအလှူရှင်များအား ပါရဂူ၊ ဆေးမှူးများက ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များကစုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့စုပေါင်း သွေးလှူဒါန်း နေမှုများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News