ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ခေမာက္ႀကီးၿမိဳ႕၊ လံုးေဖာေက်းရြာရွိ ေဒသခံျပည္သူမ်ားအား မတ္ ၁၅ ရက္ နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းခြဲ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၂၇၂ ဦးအားသြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ အေၾကာင္းႏွင့္ပတ္သက္သည့္ က်န္းမာေရးအသိပညာေပးေဟာေျပာျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴးဗိုလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္အဖဲြ႕၀င္မ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး ေဒသခံျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္စာအုပ္၊ စာေစာင္မ်ား ေပးအပ္သည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕၀င္မ်ားသည္ အဆိုပါေက်းရြာရွိ လံုးေဖာဘုန္းေတာ္ႀကီးေက်ာင္းဆရာေတာ္ ဘဒၵႏၲဥတၱမအား ဖူးေျမာ္၍သကၤန္း၊ ဆြမ္းဆန္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကော့သောင်းမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာရှိ ဒေသခံပြည်သူများအား မတ် ၁၅ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၇၂ ဦးအားသွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ အကြောင်းနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့်စာအုပ်၊ စာစောင်များ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါကျေးရွာရှိ လုံးဖောဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအား ဖူးမြော်၍သင်္ကန်း၊ ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News