ပုသိမ္ၿမိဳ႕၊ ေရႊမုေဌာေစတီေတာ္ျမတ္ႀကီး၌ စုေပါင္းသန္႔ရွင္းေရးေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ေရႊမုေဌာေစတီေတာ္ျမတ္ႀကီး ပတ္၀န္းက်င္ သန္႔ရွင္း သာယာလွပေရးအတြက္ ယေန႔နံနက္ပိုင္းတြင္ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားက ရင္ျပင္ေတာ္ေပၚရွိ အမိႈက္မ်ားရွင္းလင္းျခင္း၊ ရင္ျပင္ေတာ္အား ေရေဆးသန္႔စင္ျခင္းႏွင့္ ေစတီေတာ္အတြင္းရွိ ဘုရားပန္းအိုးမ်ား ေရေဆးသန္႔စင္ျခင္း၊ ဘုရားဆင္းတုေတာ္မ်ားေရာင္ေတာ္ဖြင့္ျခင္းမ်ားအား စုေပါင္းေဆာင္ရြက္ ေပးသည္။

ထိုသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴးဗိုလ္မွဴးခ်ဳပ္ရဲ၀င္းဦးႏွင့္ အဖြဲ႕၀င္မ်ားက လိုက္လံၾကည့္႐ႈ အားေပး၍ လိုအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပုသိမ်မြို့၊ ရွှေမုဌောစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောစေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက ရင်ပြင်တော်ပေါ်ရှိ အမှိုက်များရှင်းလင်းခြင်း၊ ရင်ပြင်တော်အား ရေဆေးသန့်စင်ခြင်းနှင့် စေတီတော်အတွင်းရှိ ဘုရားပန်းအိုးများ ရေဆေးသန့်စင်ခြင်း၊ ဘုရားဆင်းတုတော်များရောင်တော်ဖွင့်ခြင်းများအား စုပေါင်းဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News