
 

နေပြည်တော် မတ် ၁၆



(Unicode Version)

သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နှင့် အောက်ပိန်းပြစ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား မတ် ၁၅ ရက်နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မစိုးရိမ်တိုက်သစ်စာသင်တိုက်နှင့် အဆိုပါကျေးရွာရှိ ဧမောက်ခရစ်ယာန်ဘုရားကျောင်းတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၅၇ ပါးနှင့်ဒေသခံပြည်သူ ၄၇၇ ဦးအား ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News