ေတာင္ငူၿမိဳ႕နယ္အတြင္းရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ မတ္ ၁၆

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ဇီးျဖဴပင္ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖဲြ႕က အဆုိပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က သံဃာေတာ္ ၂၃ ပါးႏွင့္ ေဒသခံျပည္သူ ၁၅၃ ဦးတုိ႔အား မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပး ျခင္း၊ Ultrasound  စက္ျဖင့္ ေရာဂါရွာေဖြကုသေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ၁၄ ဦးတုိ႔အား ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရးစီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴးဗုိလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္အဖဲြ႕၀င္မ်ားက လိုက္လံၾကည့္႐ႈ အားေပးကာ ေဒသခံျပည္သူမ်ားအား ေဆးမ်က္မွန္မ်ားတပ္ဆင္လွဴဒါန္းေပးျခင္း ႏွင့္စားေသာက္ဖြယ္ရာမ်ားေပးအပ္ျခင္းမ်ားေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ အဖဲြ႕၀င္မ်ားသည္ ဇီးျဖဴပင္ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းဆရာေတာ္ ဘဒၵႏၲပ႑ိစၥအားဖူးေျမာ္ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇီးဖြူပင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၃ ပါးနှင့် ဒေသခံပြည်သူ ၁၅၃ ဦးတို့အား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်း၊ Ultrasound  စက်ဖြင့် ရောဂါရှာဖွေကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၁၄ ဦးတို့အား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ဆေးမျက်မှန်များတပ်ဆင်လှူဒါန်းပေးခြင်း နှင့်စားသောက်ဖွယ်ရာများပေးအပ်ခြင်းများဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဇီးဖြူပင်ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စအားဖူးမြော်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News