ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ျဖစ္ပြားခဲ့ေသာ အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားအေပၚ ထပ္မံစိစစ္အတည္ျပဳရန္ စုံစမ္းစစ္ေဆးေရးခုံ႐ံုးဖြဲ႕စည္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္

 

၁။ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္တြင္ ရခုိင္ျပည္နယ္အတြင္း ARSA အဖြဲ႕မွ ဦးေဆာင္သည့္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမား အနည္းဆုံးအင္အား ၆၂၀၀ ေက်ာ္ခန္႔မွ အမ်ားဆုံးအင္အား ၁၀၀၀၀ ေက်ာ္ခန္႔တို႔က မိုင္းေထာင္ေဖာက္ခြဲျခင္း၊ ဓား၊ လွံ၊ လက္နက္ငယ္၊ လက္လုပ္မိုင္းမ်ားျဖင့္ အင္အားသုံး၍ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ ေဒသတို႔ရွိ တပ္မေတာ္တပ္ဌာနခ်ဳပ္တစ္ခုႏွင့္ ရဲကင္းစခန္း ၃၀ ခုအပါအ၀င္ ရခုိင္တိုင္းရင္းသား ေက်းရြာမ်ားအားလုံးနီးပါးသုိ႔ ၀ိုင္း၀န္းတိုက္ခိုက္ခဲ့ျခင္းအား တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း လုပ္ေဆာင္ခဲ့ပါသည္။ ယင္းေန႔တစ္ရက္တည္းတြင္ ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈျဖစ္စဥ္ ၃၈ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး မိမိဘက္မွ စစ္သည္ ၁ ဦး၊ ရဲတပ္ဖြဲ႕၀င္ ၁၀ ဦး၊ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ ၀န္ထမ္း ၁ ဦး၊ ေပါင္း ၁၂ ဦး ႏိုင္ငံေတာ္အတြက္ အသက္စြန္႔လႊတ္ခဲ့ရၿပီး အခ်ဳိ႕ထိခုိက္ဒဏ္ရာမ်ားရရွိကာ ရဲကင္း စခန္းမ်ားမွ လက္နက္ငယ္ ၆ လက္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားထံပါရွိသြားခဲ့သည့္ အျပင္ ေဒသခံအရပ္သားမ်ားစုစုေပါင္း ၁၃၀ ဦးမွာလည္း ရက္ရက္စက္စက္ လူမဆန္စြာ အသတ္ခံ ခဲ့ရပါသည္။ သို႔ျဖစ္ပါ၍ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ေဖာ္ထုတ္ရန္၊ ၎တို႔ယူေဆာင္သြားေသာ လက္နက္ခဲယမ္းမ်ား အျမန္ျပန္လည္သိမ္းဆည္းရရွိေစရန္ႏွင့္ ေဒသခံျပည္သူမ်ား၏လုံၿခံဳေရးအတြက္ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားပူးေပါင္းကာ နယ္ေျမလုံၿခံဳေရးတာ၀န္မ်ား ေဆာင္ရြက္ခဲ့ရပါသည္။

၂။ ယင္းသို႔ေဆာင္ရြက္ရာတြင္ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္ တုိက္ခိုက္မႈမ်ားကို တုံ႔ျပန္ေဆာင္ရြက္ရာ၌ ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္းမ်ားႏွင့္အညီ လိုက္နာ ေဆာင္ရြက္ေရးအတြက္ ၫႊန္ၾကားခ်က္တစ္ရပ္ကုိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)က သက္ဆိုင္ရာ ကြပ္ကဲမႈဌာနခ်ဳပ္မ်ားသို႔ ၫႊန္ၾကားခဲ့ပါသည္။

၃။ ျဖစ္စဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအး၀င္း ေခါင္းေဆာင္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကိုဖြဲ႕စည္းစစ္ေဆးေစခဲ့ပါသည္။ ေဖာ္ထုတ္ခ်က္မ်ားအရ နယ္ေျမေဒသလံုၿခံဳေရးအတြက္ ကြပ္ကဲစီမံအုပ္ခ်ဳပ္ေဆာင္ရြက္မႈႏွင့္ လုံၿခံဳေရးသတင္းမ်ားႀကိဳတင္ လက္ဦးေဖာ္ထုတ္ရယူႏိုင္မႈ အားနည္းခ်က္မ်ားကိုလည္း ေတြ႕ရွိရသျဖင့္ ယင္းကိစၥႏွင့္ပတ္သက္၍ တာ၀န္ရွိသူမ်ားကိုလည္း လိုအပ္သလိုအေရးယူေဆာင္ရြက္ခဲ့ၿပီးျဖစ္ပါသည္။

၄။ ျဖစ္စဥ္မ်ားအား စံုစမ္းစစ္ေဆးခဲ့သည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ အစီရင္ခံစာမ်ားအေပၚ စစ္ဥပေဒခ်ဳပ္႐ံုးက ေလ့လာသုံးသပ္အႀကံျပဳတင္ျပခ်က္မ်ားအရလည္းေကာင္း၊ Human Rights Watch အဖြဲ႕၊ Amnesty International အဖြဲ႕ႏွင့္ ကုလသမဂၢအခ်က္အလက္ရွာေဖြေရးအဖြဲ႕Fact Finding Mission တို႔၏ စြပ္စဲြေရးသားေဖာ္ျပေသာ အစီရင္ခံစာမ်ားအေပၚ စစ္ဥပေဒခ်ဳပ္႐ံုးက ေလ့လာသုံးသပ္အႀကံျပဳတင္ျပခ်က္မ်ား အရလည္းေကာင္း အစီရင္ခံစာအသီးသီး၏ ေရးသား ေဖာ္ျပခ်က္မ်ားကိုထပ္မံစိစစ္အတည္ျပဳရန္လိုအပ္ပါသည္။

၅။ သို႔ပါ၍ ျဖစ္စဥ္အသီးသီးအေပၚ ထပ္မံစိစစ္အတည္ျပဳရန္ ေအာက္ပါအဖြဲ႕၀င္မ်ားပါ၀င္သည့္ စုံစမ္းစစ္ေဆးေရးခံု႐ံုးကို ဖြဲ႕စည္း၍ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႔တြင္ စတင္ စစ္ေဆး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္-

( က ) ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဥကၠ႒၊

( ခ ) ဗိုလ္မွဴးႀကီးေက်ာ္ေက်ာ္ႏိုင္ အဖြဲ႕၀င္၊

( ဂ ) ဗိုလ္မွဴးႀကီးသန္းႏိုင္ အဖြဲ႕၀င္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင်ဖြစ်ပွားခဲ့သော အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်

၁။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့မှ ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား အနည်းဆုံးအင်အား ၆၂၀၀ ကျော်ခန့်မှ အများဆုံးအင်အား ၁၀၀၀၀ ကျော်ခန့်တို့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ရှိ တပ်မတော်တပ်ဌာနချုပ်တစ်ခုနှင့် ရဲကင်းစခန်း ၃၀ ခုအပါအဝင် ရခိုင်တိုင်းရင်းသား ကျေးရွာများအားလုံးနီးပါးသို့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ပါသည်။ ယင်းနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိကာ ရဲကင်း စခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံပါရှိသွားခဲ့သည့် အပြင် ဒေသခံအရပ်သားများစုစုပေါင်း ၁၃၀ ဦးမှာလည်း ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံ ခဲ့ရပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ၎င်းတို့ယူဆောင်သွားသော လက်နက်ခဲယမ်းများ အမြန်ပြန်လည်သိမ်းဆည်းရရှိစေရန်နှင့် ဒေသခံပြည်သူများ၏လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ရပါသည်။

၂။ ယင်းသို့ဆောင်ရွက်ရာတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာ၌ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့ပါသည်။

၃။ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းစစ်ဆေးစေခဲ့ပါသည်။ ဖော်ထုတ်ချက်များအရ နယ်မြေဒေသလုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများကြိုတင် လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုလည်း လိုအပ်သလိုအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၄။ ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များအရလည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသားဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကိုထပ်မံစိစစ်အတည်ပြုရန်လိုအပ်ပါသည်။

၅။ သို့ပါ၍ ဖြစ်စဉ်အသီးသီးအပေါ် ထပ်မံစိစစ်အတည်ပြုရန် အောက်ပါအဖွဲ့ဝင်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စတင် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်-

( က ) ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌ၊

( ခ ) ဗိုလ်မှူးကြီးကျော်ကျော်နိုင် အဖွဲ့ဝင်၊

( ဂ ) ဗိုလ်မှူးကြီးသန်းနိုင် အဖွဲ့ဝင်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News