က်ဳိင္းတံုၿမိဳ႕နယ္၊ ပန္လီေအာက္ေက်းရြာရွိ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

က်ဳိင္းတံုၿမိဳ႕နယ္၊ ပန္လီေအာက္ေက်းရြာရွိ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ မတ္ ၂၃

 

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕ နယ္၊ မိုင္းခြန္ေက်းရြာအုပ္စု၊ ပန္လီေအာက္ ေက်းရြာရွိ ေဒသခံတိုင္းရင္းသားျပည္သူမ်ား အား မတ္ ၂၂ ရက္ နံနက္ပိုင္းတြင္ ႀတိဂံ ေဒသတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသ ေရးအဖြဲ႕က အဆိုပါေက်းရြာရွိ အေျခခံပညာ အထက္တန္းေက်ာင္းခြဲ၌ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံတိုင္းရင္းသားျပည္သူ ၂ဝ၁ ဦးကို ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလး ေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္ သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္း ႏွင့္ အာထရာေဆာင္း႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြား ေရာက္ၾကည့္႐ႈအားေပးၿပီး ေဒသခံတိုင္းရင္း သားျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာ မ်ားေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကျိုင်းတုံမြို့နယ်၊ ပန်လီအောက်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၂၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီအောက် ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများ အား မတ် ၂၂ ရက် နံနက်ပိုင်းတွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၂ဝ၁ ဦးကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/ အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေး ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း နှင့် အာထရာဆောင်းရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်း သားပြည်သူများအတွက် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News