(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် 

 

နေပြည်တော် မတ် ၂၃ 

 


 


 

(Unicode Version)

 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်မှုထမ်းဟောင်း အဖ့ွဲဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် မတ် ၂၃ 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင် များက တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ ၌ တွေ့ဆုံသည်။ ဦးစွာ တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများက စစ်မှုထမ်းဟောင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် တိုင်းမှူးက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကိုယ်စား မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်သည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄၁ ဦးကို ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News