(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆိုေသာအားျဖင့္ စုေပါင္းေသြးလွဴဒါန္း၊ သန္႔ရွင္းေရးျပဳလုပ္ 

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆိုေသာအားျဖင့္ စုေပါင္းေသြးလွဴဒါန္း၊ သန္႔ရွင္းေရးျပဳလုပ္ 

 

ေနျပည္ေတာ္ မတ္ ၂၃

 

 ၂ဝ၁၉ ခုႏွစ္၊ (၇၄)ႏွစ္ေျမာက္တပ္မေတာ္ ေန႔ကို ဂုဏ္ျပဳႀကိဳဆုိေသာအားျဖင့္ စုေပါင္း ေသြးလွဴဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ ပုသိမ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုႏွင့္ျပည္သူ႔ ေဆး႐ံုႀကီးတို႔၌ျပဳလုပ္ရာ အေနာက္ေတာင္ တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစု မ်ား စုစုေပါင္း ၁ဝဝ ဦးတို႔က စုေပါင္းေသြး လွဴဒါန္းၾကသည္။ 

 

အဆိုပါ စုေပါင္းေသြးလွဴဒါန္းမႈအား တိုင္းမွဴး ဗုိလ္မွဴးခ်ဳပ္ရဲဝင္းဦးႏွင့္အဖြဲ႕ဝင္ မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေသြးလွဴရွင္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား အား အင္အားျဖည့္စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔ျပင္ တပ္မေတာ္သားမ်ားက ျပည္သူ႔ ေဆး႐ံုႀကီးဝင္းအတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္း ျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမိႈက္မ်ား ရွင္းလင္းျခင္းႏွင့္ စုေပါင္းသန္႔ရွင္းေရးလုပ္ငန္း မ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း၊ သန့်ရှင်းရေးပြုလုပ် 

နေပြည်တော် မတ် ၂၃ 

၂ဝ၁၉ ခုနှစ်၊ (၇၄)နှစ်မြောက်တပ်မတော် နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံနှင့်ပြည်သူ့ ဆေးရုံကြီးတို့၌ပြုလုပ်ရာ အနောက်တောင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ် ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ စုစုပေါင်း ၁ဝဝ ဦးတို့က စုပေါင်းသွေး လှူဒါန်းကြသည်။ 

အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုအား တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင် အရာရှိ၊ စစ်သည်၊ မိသားစုများ အား အင်အားဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် တပ်မတော်သားများက ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News