

 

နေပြည်တော် မတ် ၂၃

 


 


 

(Unicode Version)

 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း 

နေပြည်တော် မတ် ၂၃ 

၂ဝ၁၉ ခုနှစ်၊ (၇၄)နှစ်မြောက် တပ်မတော်နေ့ ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူ ဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးနှင့် နယ်မြေခံ တပ်မတော်ဆေးရုံတို့၌ပြုလုပ်ရာ တောင်ငူတပ်နယ် မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ကြက်ခြေ နီတပ်ဖွဲ့ဝင်များ စုစုပေါင်း ၁ဝ၄ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။ 

ထို့ပြင် တောင်ငူတပ်နယ်မှ တပ်မတော်သား များက အဆိုပါဆေးရုံများနှင့် ကေတုမတီဘိုးဘွား ရိပ်သာတို့တွင် သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တောင် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသူများနှင့် အထွေထွေ ရောဂါကုဆေးရုံ ကြီး၌ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူ များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Recent News