ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားအား ၾကည့္႐ႈအားေပး 

 

ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားအား ၾကည့္႐ႈအားေပး 
 

 

ေနျပည္ေတာ္ မတ္ ၂၃ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုတြင္ တက္ေရာက္ေဆးကုသမႈ ခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုမ်ားကို မတ္ ၂၂ ရက္ ေန႔လယ္ပုိင္းတြင္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈၿပီး တစ္ဦးခ်င္း ၏ေရာဂါျဖစ္ပြားမႈ၊ ေဆးဝါးကုသေပးထားမႈႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခအေနမ်ားကို ရင္းရင္းႏွီးႏွီးေမးျမန္း အားေပးစကားေျပာၾကားကာ စားေသာက္ဖြယ္ရာႏွင့္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္သည္။ 

 

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္းလွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ားညိႇႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် မတ် ၂၃ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများကို မတ် ၂၂ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း ၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News