က်ဳိင္းတံုၿမိဳ႕နယ္၊ ပံုခိတ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ စာသင္ေက်ာင္း ျပဳျပင္ႏုိင္ေရးႏွင့္ ဘုန္းႀကီးေက်ာင္းေဆာက္လုပ္ေနမႈ ၾကည့္႐ႈ

က်ဳိင္းတံုၿမိဳ႕နယ္၊ ပံုခိတ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ စာသင္ေက်ာင္း ျပဳျပင္ႏုိင္ေရးႏွင့္ ဘုန္းႀကီးေက်ာင္းေဆာက္လုပ္ေနမႈ ၾကည့္႐ႈ 

ေနျပည္ေတာ္ မတ္ ၂၃ 

 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ဳိင္းတံုၿမိဳ႕ နယ္၊ မုိင္းပတ္အထက္ေက်းရြာအုပ္စု၊ ပံုခိတ္ ေက်းရြာရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ား အား ယေန႔နံနက္ပိုင္းတြင္ ႀတိဂံေဒသတုိင္းစစ္ ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ လားဟူႏွစ္ျခင္းခရစ္ယာန္ ဘုရားေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္ မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံတုိင္းရင္းသားျပည္သူ ၅၆၁ ဦးကို ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပး ျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆး ေပးျခင္းႏွင့္ အာထရာေဆာင္း႐ိုက္ေပးျခင္း မ်ားေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအတြက္ စားေသာက္ ဖြယ္ရာမ်ားႏွင့္ မ်က္စိလူနာမ်ားအတြက္ စာၾကည့္မ်က္မွန္မ်ားေပးအ ပ္သည္။ 

 

ထို႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေကာင္းေဟာင္ပေလာင္ေက်းရြာရွိ တြဲဖက္ အေျခခံပညာမူလတန္းေက်ာင္းသို႔ သြားေရာက္ ၾကည့္႐ႈ၍ ေက်ာင္းေဆာင္အေဆာက္အအံု ျပဳျပင္မြမ္းမံႏုိင္ေရး လိုအပ္သည္မ်ားညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ၿပီး ေက်းရြာဘုန္းေတာ္ႀကီး ေက်ာင္းေဆာက္လုပ္ေနမႈအား သြားေရာက္ ၾကည့္႐ႈ၍ ဘိလပ္ေျမအိတ္မ်ား လွဴဒါန္းေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကျိုင်းတုံမြို့နယ်၊ ပုံခိတ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ စာသင်ကျောင်း ပြုပြင်နိုင်ရေးနှင့် ဘုန်းကြီးကျောင်းဆောက်လုပ်နေမှု ကြည့်ရှု 

နေပြည်တော် မတ် ၂၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်၊ မိုင်းပတ်အထက်ကျေးရွာအုပ်စု၊ ပုံခိတ် ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ လားဟူနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၅၆၁ ဦးကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေး ပေးခြင်းနှင့် အာထရာဆောင်းရိုက်ပေးခြင်း များဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် စားသောက် ဖွယ်ရာများနှင့် မျက်စိလူနာများအတွက် စာကြည့်မျက်မှန်များပေးအ ပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကောင်းဟောင်ပလောင်ကျေးရွာရှိ တွဲဖက် အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက် ကြည့်ရှု၍ ကျောင်းဆောင်အဆောက်အအုံ ပြုပြင်မွမ်းမံနိုင်ရေး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာဘုန်းတော်ကြီး ကျောင်းဆောက်လုပ်နေမှုအား သွားရောက် ကြည့်ရှု၍ ဘိလပ်မြေအိတ်များ လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News