(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနား၌ပါ၀င္စစ္ေရးျပၾကမည့္ စစ္ေရးျပစစ္ေၾကာင္းႀကီးမ်ား ၀တ္စံုျပည့္စစ္ေရးျပေလ့က်င့္ 

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနား၌ပါ၀င္စစ္ေရးျပၾကမည့္ စစ္ေရးျပစစ္ေၾကာင္းႀကီးမ်ား ၀တ္စံုျပည့္စစ္ေရးျပေလ့က်င့္ 

ေနျပည္ေတာ္၊ မတ္ - ၂၅ 

၂၀၁၉ ခုႏွစ္၊ မတ္လ ၂၇ ရက္တြင္ က်ေရာက္ေသာ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားတြင္ ပါ၀င္ခ်ီတက္စစ္ေရးျပၾကမည့္ စစ္ေရးျပစစ္ေၾကာင္းႀကီးမ်ားသည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ စစ္ေရး ျပကြင္း၌ ၀တ္စံုျပည့္စစ္ေရးျပေလ့က်င့္မႈမ်ား ေဆာင္ရြက္ၾကသည္။ 
စစ္ေရးျပေလ့က်င့္မႈတြင္ အေနာ္ရထာစစ္ေၾကာင္း၊ က်န္စစ္သားစစ္ေၾကာင္း၊ ဘုရင့္ေနာင္စစ္ေၾကာင္း၊ ေအာင္ေဇယ်စစ္ေၾကာင္း၊ ဆင္ျဖဴရွင္စစ္ေၾကာင္း၊ ဗႏၶဳလစစ္ေၾကာင္းႏွင့္ ျမ၀တီစစ္ေၾကာင္းမ်ားပါ၀င္ၿပီး စုရပ္ျဖစ္သည့္ သစ္တပ္ကြင္းမွ စစ္ေရးျပကြင္းသို႔ တပ္မေတာ္စစ္တီး၀ိုင္းအဖြဲ႕မ်ား၏ တီးခတ္မႈႏွင့္အတူ စစ္ခ်ီသီခ်င္းမ်ားသီဆုိ၍ ညီညာစြာခ်ီတက္ၾကၿပီး စစ္ေရးျပအခမ္းအနားအစီအစဥ္မ်ားအတုိင္း ေလ့က်င့္ ေဆာင္ရြက္ၾကသည္။ 

ထိုသို႔ ေလ့က်င့္ေနမႈကို ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္အတူ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ တပ္မေတာ္ေန႔က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ တပ္မေတာ္ေန႔က်င္းပေရး စီမံခန္႔ခဲြေရးေကာ္မတီဥကၠ႒ ေနျပည္ေတာ္ တိုင္းစစ္ ဌာနခ်ဳပ္ တိုင္းမွဴးဗိုလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈစစ္ေဆးၾကၿပီး ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက လိုအပ္သည္မ်ားကို တာ၀န္ရွိသူမ်ားႏွင့္ေပါင္းစပ္ ၫိႇႏႈိင္းေဆာင္ရြက္ေပးသည္။ 
အဆိုပါစစ္ေရးျပအခမ္းအနားတြင္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ႏွင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕တို႔မွအရာရွိ၊ စစ္သည္မ်ား၊ အမ်ဳိးသမီးတပ္ဖြဲ႕၀င္မ်ားႏွင့္ တပ္မေတာ္(ေရ)အထူး စစ္ဆင္ေရးတပ္ဖြဲ႕ (Navy SEALs)၊ အမ်ဳိး သမီး အထူးတပ္ဖြဲ႕၀င္မ်ားႏွင့္ တပ္မေတာ္(ေလ)မွ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားပါ၀င္ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

(၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့် 

နေပြည်တော်၊ မတ် - ၂၅ 

၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သော (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေး ပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။ 

စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းများပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့် ဆောင်ရွက်ကြသည်။ 

ထိုသို့ လေ့ကျင့်နေမှုကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

အဆိုပါစစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှအရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ)အထူး စစ်ဆင်ရေးတပ်ဖွဲ့ (Navy SEALs)၊ အမျိုး သမီး အထူးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။ 

Recent News