တနသၤာရီတုိင္းေဒသႀကီး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည္႕ေရး ေကာ္မတီ (JMC-S)ႏွင္႕့ေဒသခံျပည္သူမ်ား ေတြ႕ဆုံ 

 

ေနျပည္ေတာ္ စက္တင္ဘာ ၂ 

 

တနသၤာရီတုိင္းေဒသႀကီး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S) ဥကၠ႒ ကမ္း႐ုိးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၁ ရက္ နံနက္ပုိင္းတြင္ ပုေလာၿမိဳ႕ နယ္၊ ဇာဒီဝင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံျခင္းကုိ အဆုိပါေက်းရြာ ကရင္ႏွစ္ျခင္း ခရစ္ယာန္ ဘုရားရွိခုိးေက်ာင္း၌ ျပဳလုပ္သည္။ ဦးစြာ ေကာ္မတီဥကၠ႒ တုိင္းမွဴးက အဖြင့္ အမွာစကား ေျပာၾကားသည္။ 

ထုိ႔ေနာက္ တက္ ေရာက္လာၾကသည့္ ေကာ္မတီအဖြဲ႕ဝင္မ်ားက ေကာ္မတီ၏ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကုိ ေဆြးေႏြးၾကရာ ေဒသခံျပည္သူမ်ားက သိရွိ လုိသည္မ်ား ျပန္လည္ေမးျမန္းမႈအေပၚ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ျပန္လည္ရွင္းလင္း ေျဖၾကားၿပီး ေဒသခံျပည္သူမ်ားအတြက္ စား ေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

 

ထုိ႔ျပင္ တက္ေရာက္လာၾကသည့္ ေဒသခံ ျပည္သူ ၃၁၇ ဦးကုိ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အ႐ုိးေရာဂါ၊ ခြဲစိတ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ေဆးဝါးကုသမႈမ်ားႏွင့္ ဓာတ္မွန္႐ုိက္ျခင္း၊ ႏွလုံးခုန္ႏႈန္းစစ္ေဆးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကုိ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ၾကည့္႐ႈအားေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

နင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)နှင့့်ဒေသခံပြည်သူများ တွေ့ဆုံ 

နေပြည်တော် စက်တင်ဘာ ၂ 

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပုလောမြို့ နယ်၊ ဇာဒီဝင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို အဆိုပါကျေးရွာ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည်။ ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားသည်။ 
ထို့နောက် တက် ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးကြရာ ဒေသခံပြည်သူများက သိရှိ လိုသည်များ ပြန်လည်မေးမြန်းမှုအပေါ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ဒေသခံပြည်သူများအတွက် စား သောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူ ၃၁၇ ဦးကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အရိုးရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News