
 

နေပြည်တော် ၊ မတ် - ၂၇


(Unicode Version)

(၇၄)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နေပြည်တော် ၊ မတ် - ၂၇

(၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့်  "နာရီ တစ်ရာ့တစ်ဆယ်"ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ နာရီ တစ်ရာ့တစ်ဆယ် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

Recent News