
 

နေပြည်တော်၊ မတ်- ၂၇


(Unicode Version)

(၇၄)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြု ကန်တော့၊ လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များအားတွေ့ဆုံ ဂါရဝပြု

နေပြည်တော်၊ မတ်- ၂၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ တက်ရောက်၍ အငြိမ်းစား တပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ခဲ့ပါသည်။ ထို့ပြင် လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်များအား ဘုရင့်နောင်ရိပ်သာ၌ ဂါရဝပြုတွေ့ဆုံ၍ နှုတ်ဆက်ဂါရဝပြုစကား ပြောကြားခဲ့ပါသည်။

Recent News