(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ဂုဏ္ျပဳဇာတ္လမ္းတြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည့္ အႏုပညာရွင္မ်ားႏွင့္ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာႏွင့္ ၀တၳဳစာမူဆုရရွိသူ စာေပပညာရွင္မ်ားအား ဂုဏ္ျပဳဆုႏွင့္ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္

 

ေနျပည္ေတာ္ ၊ မတ္ - ၂၇

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ ဂုဏ္ျပဳဇာတ္လမ္းျဖစ္သည့္  "နာရီ တစ္ရာ့တစ္ဆယ္" ဇာတ္လမ္းတြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့ၾကသည့္ အႏုပညာရွင္မ်ားႏွင့္ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာႏွင့္ ၀တၳဳစာမူဆုရရွိသူ စာေပပညာရွင္မ်ားအား ဂုဏ္ျပဳဆုႏွင့္ ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ေပးအပ္ပဲြကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ က်င္းပျပဳလုပ္ရာ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ၊ နာရီ တစ္ရာ့တစ္ဆယ္ ဇာတ္လမ္းတြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့ၾက သည့္ အႏုပညာရွင္မ်ား၊ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာႏွင့္ ၀တၳဳစာမူဆုရရွိသူ စာေပပညာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ဂုဏ္ျပဳ အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ စိတ္ဓာတ္ေရးရာႏွင့္လူထုဆက္ဆံေရးေကာ္မတီ ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက  နာရီ တစ္ရာ့တစ္ဆယ္  ဇာတ္လမ္းတြင္ ပါ၀င္ခဲ့သည့္ ဒါ႐ုိက္တာ ဗုိလ္မွဴး တင္ေအာင္စုိး၊ တည္းျဖတ္ႏွင့္ တြဲဖက္ဒါ႐ိုက္တာ ဗိုလ္ႀကီး ဗညားေအာင္၊ တြဲဖက္ဒါ႐ုိက္တာ မယြန္း၊ ဇာတ္ၫႊန္း မင္းခိုက္စိုးစံ၊  ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားျဖစ္ၾကသည့္  ေနမ်ဳိးေအာင္ႏွင့္ မင္းရာဇာ တို႔ကိုလည္းေကာင္း၊ တပ္မေတာ္ေန႔က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး က ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား ျဖစ္ၾကသည့္ လင္းျမတ္၊ အကယ္ဒမီ ေမသဥၨာဦး၊ ေဒၚ၀င္းမင္းသန္း၊ ယဥ္လတ္၊ စုလင္း႐ွိန္၊ ယြန္း၀င့္လႊာေအာင္ တုိ႔အားလည္းေကာင္း ဂုဏ္ျပဳဆုႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္သည္။

ဆက္လက္၍ တပ္မေတာ္ေန႔က်င္းပေရးစီမံခန္႔ခြဲေရးေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္ ျမင့္ေမာ္က (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ခ်ီသီခ်င္းၿပိဳင္ပဲြတြင္ ပထမဆုရရွိေသာ ဗိုလ္ႀကီး ဖုန္းျမင့္ (အၿငိမ္းစား)၊ ဒုတိယဆုရရွိေသာ  ဦးေ၀လင္း(ေ၀လင္း/သုခုမ)၊ တတိယဆုရရွိေသာ တပ္ၾကပ္ႀကီး ေဇာ္မ်ဳိးထြန္း၊ ႏွစ္သိမ့္ဆုရရွိေသာ တပ္ၾကပ္ ေအာင္မိုးတင့္ ႏွင့္ တပ္ၾကပ္ႀကီး ေစာစဲေနကနဲေစာ၊ စစ္သည္ေတးသီခ်င္းၿပဳိင္ပြဲတြင္ ပထမဆုရရွိေသာ ဗိုလ္မွဴး သိန္းထြန္းလင္း၊ ဒုတိယဆုရရွိေသာ မႏွင္းပြင့္ဟန္(သဲဟန္)၊ တတိယဆုရရွိေသာ ဗိုလ္ႀကီး ဉာဏ္ပိုင္စိုး(စစ္သူ)၊  ႏွစ္သိမ့္ဆုရရွိေသာ ေဒၚခင္စႏၵီစိမ့္(အလကၤာေမ)၊ ႏွစ္သိမ့္ဆု ရရွိေသာ ဒုတိယရဲအုပ္ စုစုေဇာ္(ဇာမဏီ)၊ ကဗ်ာတုိ (၀ါသနာရွင္)ၿပိဳင္ပြဲတြင္ ပထမဆု ရရွိေသာ  တပ္ၾကပ္ႀကီး/စာေရး ကုိကို(ေဇယ်ာကိုကို)၊ ဒုတိယဆု ရရွိေသာ တပ္ၾကပ္ႀကီး ထြန္းထြန္း(ယိမ္းႏြဲ႕)၊ တတိယဆုရရွိေသာ ေအးပပခိုင္၊ ႏွစ္သိမ့္ဆုရရွိေသာ ေမာင္ရဲ၀င္းထြဋ္(ကိုထြဋ္/လက္ပံတန္း)ႏွင့္ အင္ၾကင္းခိုင္(ပုသိမ္)၊ ကဗ်ာတို(အလြတ္တန္း) ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ခ်စ္စုေအာင္၊ ဒုတိယဆုရရွိေသာ ဦးမ်ဳိးေဌး(၀င္းႏြယ္/သစ္ေတာ)၊ တတိယဆု ရရွိေသာ ဗိုလ္ႀကီး ေအာင္မ်ဳိးထြန္း(မ်ဳိးစစ္သည္)တို႔အား လည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုမ်ား  အသီးသီးေပးအပ္သည္။

ယင္းေနာက္ စာမူၿပိဳင္ပြဲက်င္းပေရးေကာ္မတီဥကၠ႒ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ကဗ်ာရွည္ (၀ါသနာရွင္)ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ဦးေက်ာ္၀င္းေမာင္(ေက်ာ္၀င္းေမာင္/ေက်ာက္မဲ)၊ ဒုတိယဆု ရရွိေသာ ေအးပပခိုင္၊ တတိယဆုရရွိေသာ ဦးျမင့္သိန္း (ေမာင္မင္းသိမ္း/သရက္)၊ ႏွစ္သိမ့္ဆုရရွိေသာ ဦးျမင့္ေဆြ(လႈိင္ျမင့္ေဆြ)၊ကဗ်ာရွည္(အလြတ္တန္း)ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ေဒၚခိုင္သူဇာ၀င္း (ခင္လယ္လယ္ခ်စ္-ျမန္/ဂုဏ္)၊ ဒုတိယဆုရရွိေသာ တပ္ၾကပ္ႀကီး ဘိုသန္း(ဘုန္းရဲႏိုင္/ဂန္႕ေဂါ)၊ တတိယဆုရရွိေသာ ဗိုလ္ႀကီး ေအာင္မ်ဳိးထြန္း(မ်ဳိးစစ္သည္)၊ ၀တၳဳတုိၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ဦးစိုးျမင့္ (ရဲမင္းစိုး)၊ ဒုတိယဆုရရွိေသာ မသႏၲာေအာင္(နဒီသင္း)၊ တတိယဆုရရွိေသာ တပ္ၾကပ္ႀကီး ၫြန္႕ရင္(ေႏြးထက္လႈိင္)၊ ႏွစ္သိမ့္ဆု ရရွိေသာ ဗိုလ္မွဴး ေက်ာ္ရဲသိန္း (ေက်ာ္ေတဇ/ဥကၠလာ)၊ ႏွစ္သိမ့္ဆုရရွိေသာ ေဒၚခိုင္သူဇာ၀င္း(ခင္လယ္လယ္ခ်စ္-ျမန္/ဂုဏ္)၊ ၀တၳဳရွည္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ဦးသက္ဦးေမာင္(သက္ဦးေမာင္)၊ ဒုတိယဆုရရွိေသာ ဗိုလ္ႏုိင္ဦး(ႏိုင္း)၊ တတိယဆု ရရွိေသာ ဗိုလ္မွဴး ရာဇာေအာင္(ညိမ္းညိဳ)၊ ႏွစ္သိမ့္ဆုရရွိေသာ ေဒၚခိုင္သူဇာ၀င္း (ခင္လယ္လယ္ခ်စ္-ျမန္/ဂုဏ္)ႏွင့္ ဒုတိယအရာခံဗိုလ္ (အစားခန္႕)ယဥ္မ်ဳိးခိုင္ (ေရြ၀န္းရံ) တုိ႔အား ဂုဏ္ျပဳဆုႏွင့္ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားေပးအပ္ၾကသည္။

အခမ္းအနားအၿပီးတြင္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တက္ေရာက္ လာၾကသူမ်ားအား လက္ဖက္ရည္၀ုိင္းျဖင့္ တည္ခင္းဧည့္ခံခဲ့ၿပီး  အဖြဲ႕၀င္မ်ားႏွင့္အတူ ရင္းရင္းႏီွးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၇၄)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နေပြည်တော် ၊ မတ် - ၂၇

(၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့်  "နာရီ တစ်ရာ့တစ်ဆယ်" ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ နာရီ တစ်ရာ့တစ်ဆယ် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြ သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ထို့နောက် စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက  နာရီ တစ်ရာ့တစ်ဆယ်  ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး၊ တည်းဖြတ်နှင့် တွဲဖက်ဒါရိုက်တာ ဗိုလ်ကြီး ဗညားအောင်၊ တွဲဖက်ဒါရိုက်တာ မယွန်း၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊  ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့်  နေမျိုးအောင်နှင့် မင်းရာဇာ တို့ကိုလည်းကောင်း၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် လင်းမြတ်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ဒေါ်ဝင်းမင်းသန်း၊ ယဉ်လတ်၊ စုလင်းရှိန်၊ ယွန်းဝင့်လွှာအောင် တို့အားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြင့်မော်က (၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ချီသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီး ဖုန်းမြင့် (အငြိမ်းစား)၊ ဒုတိယဆုရရှိသော  ဦးဝေလင်း(ဝေလင်း/သုခုမ)၊ တတိယဆုရရှိသော တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ် အောင်မိုးတင့် နှင့် တပ်ကြပ်ကြီး စောစဲနေကနဲစော၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်မှူး သိန်းထွန်းလင်း၊ ဒုတိယဆုရရှိသော မနှင်းပွင့်ဟန်(သဲဟန်)၊ တတိယဆုရရှိသော ဗိုလ်ကြီး ဉာဏ်ပိုင်စိုး(စစ်သူ)၊  နှစ်သိမ့်ဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့်(အလင်္ကာမေ)၊ နှစ်သိမ့်ဆု ရရှိသော ဒုတိယရဲအုပ် စုစုဇော်(ဇာမဏီ)၊ ကဗျာတို (ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆု ရရှိသော  တပ်ကြပ်ကြီး/စာရေး ကိုကို(ဇေယျာကိုကို)၊ ဒုတိယဆု ရရှိသော တပ်ကြပ်ကြီး ထွန်းထွန်း(ယိမ်းနွဲ့)၊ တတိယဆုရရှိသော အေးပပခိုင်၊ နှစ်သိမ့်ဆုရရှိသော မောင်ရဲဝင်းထွဋ်(ကိုထွဋ်/လက်ပံတန်း)နှင့် အင်ကြင်းခိုင်(ပုသိမ်)၊ ကဗျာတို(အလွတ်တန်း) ပြိုင်ပွဲတွင် ပထမဆုရရှိသော ချစ်စုအောင်၊ ဒုတိယဆုရရှိသော ဦးမျိုးဌေး(ဝင်းနွယ်/သစ်တော)၊ တတိယဆု ရရှိသော ဗိုလ်ကြီး အောင်မျိုးထွန်း(မျိုးစစ်သည်)တို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ  အသီးသီးပေးအပ်သည်။

ယင်းနောက် စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ကဗျာရှည် (ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးကျော်ဝင်းမောင်(ကျော်ဝင်းမောင်/ကျောက်မဲ)၊ ဒုတိယဆု ရရှိသော အေးပပခိုင်၊ တတိယဆုရရှိသော ဦးမြင့်သိန်း (မောင်မင်းသိမ်း/သရက်)၊ နှစ်သိမ့်ဆုရရှိသော ဦးမြင့်ဆွေ(လှိုင်မြင့်ဆွေ)၊ကဗျာရှည်(အလွတ်တန်း)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်/ဂုဏ်)၊ ဒုတိယဆုရရှိသော တပ်ကြပ်ကြီး ဘိုသန်း(ဘုန်းရဲနိုင်/ဂန့်ဂေါ)၊ တတိယဆုရရှိသော ဗိုလ်ကြီး အောင်မျိုးထွန်း(မျိုးစစ်သည်)၊ ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးစိုးမြင့် (ရဲမင်းစိုး)၊ ဒုတိယဆုရရှိသော မသန္တာအောင်(နဒီသင်း)၊ တတိယဆုရရှိသော တပ်ကြပ်ကြီး ညွန့်ရင်(နွေးထက်လှိုင်)၊ နှစ်သိမ့်ဆု ရရှိသော ဗိုလ်မှူး ကျော်ရဲသိန်း (ကျော်တေဇ/ဥက္ကလာ)၊ နှစ်သိမ့်ဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း(ခင်လယ်လယ်ချစ်-မြန်/ဂုဏ်)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးသက်ဦးမောင်(သက်ဦးမောင်)၊ ဒုတိယဆုရရှိသော ဗိုလ်နိုင်ဦး(နိုင်း)၊ တတိယဆု ရရှိသော ဗိုလ်မှူး ရာဇာအောင်(ညိမ်းညို)၊ နှစ်သိမ့်ဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်/ဂုဏ်)နှင့် ဒုတိယအရာခံဗိုလ် (အစားခန့်)ယဉ်မျိုးခိုင် (ရွေဝန်းရံ) တို့အား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက် လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး  အဖွဲ့ဝင်များနှင့်အတူ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News