

နေပြည်တော် မတ် ၂၈ 

 


 


 


 

(Unicode Version)

 

(၇၄) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုသော အားဖြင့် မြန်မာသံစဉ် အနုပညာရှင် များက ဂီတ ဖျော်ဖြေပွဲကျင်းပ 

နေပြည်တော် မတ် ၂၈ 

(၇၄)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုသောအားဖြင့် မြန်မာသံစဉ် အနုပညာ ရှင်များက ဂီတ ဖျော်ဖြေပွဲကို ယနေ့ ည ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါဖျော်ဖြေပွဲတွင် မြန်မာသံစဉ် အနုပညာရှင်များဖြစ်ကြသည့် ဦးတင်ဦးလေး၊ ဦးကေတုဝင်းထွဋ်၊ ဦးသန်းမြတ်စိုး၊ ဖိုးသောကြာ၊ ဝဏ္ဏကျော် နေဝင်း၊ ခင်မြသက်နှင်း၊ စည်သူဒေါ်တင်တင်မြ၊ စည်သူဒေါ်ထား၊ ဒေါ်ချိုပြုံး၊ တက္ကသိုလ်လဲ့လဲ့၊ စိမ်းလဲ့လဲ့၊ ရဲရင့်ဝေလွင်၊ စိမ့်နေခြည်၊ သွန်းတို့က အကယ်ဒမီ ဦးဝင်းကို ဦးဆောင်သော တေးဂီတ အဖွဲ့နှင့် မြန်မာသံစဉ် တေးသီချင်းများကို သီဆိုဖျော်ဖြေကြသည်။ 

ဖျော်ဖြေပွဲသို့ (၇၄)နှစ်မြောက်တပ်မတော် နေ့စစ်ရေးပြကွင်း အခမ်းအနားတွင် ပါဝင်ခဲ့သည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News