တိုင္းစစ္ဌာနခ်ဳပ္ အသီးသီး၌ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားမ်ား က်င္းပျပဳလုပ္

တိုင္းစစ္ဌာနခ်ဳပ္ အသီးသီး၌ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားမ်ား က်င္းပျပဳလုပ္ 

ေနျပည္ေတာ္ မတ္ ၂၈ 

 

(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနားမ်ားကို မတ္ ၂၇ ရက္ နံနက္ပိုင္းတြင္ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္၊ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္၊ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ႏွင့္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္တို႔၌ အသီးသီး က်င္းပျပဳလုပ္ၾကရာ တုိင္းစစ္ဌာနခ်ဳပ္ အလိုက္ တိုင္းမွဴးမ်ားက တက္ေရာက္မိန္႔ခြန္း ေျပာၾကားၾကသည္။ ထို႔ေနာက္ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ ေန႔အထိမ္းအမွတ္ စစ္သည္ေတာ္က်င့္ဝတ္ ၿပိဳင္ပြဲမ်ားတြင္ ပထမဆု ရရွိၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကိုယ္စား တုိင္းမွဴးမ်ားက ဂုဏ္ထူးေဆာင္ လက္မွတ္ႏွင့္ ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ ခ်ီးျမႇင့္ၾကသည္။ 

 

ဆက္လက္၍ တပ္မေတာ္ေန႔အထိမ္း အမွတ္ၿပိဳင္ပြဲမ်ား က်င္းပျပဳလုပ္ၿပီး ဆုရရွိသူမ်ားအား တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက ဆုမ်ား ေပးအပ္ၾကသည္။ ညပိုင္းတြင္ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳ ညစာစားပြဲမ်ားကို တုိင္းစစ္ဌာနခ်ဳပ္မ်ား အလိုက္ အသီးသီး ျပဳလုပ္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

တိုင်းစစ်ဌာနချုပ် အသီးသီး၌ (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများ ကျင်းပပြုလုပ် 

နေပြည်တော် မတ် ၂၈ 

(၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ် အလိုက် တိုင်းမှူးများက တက်ရောက်မိန့်ခွန်း ပြောကြားကြသည်။ ထို့နောက် (၇၄)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲများတွင် ပထမဆု ရရှိကြသည့် အရာရှိ၊ စစ်သည်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တိုင်းမှူးများက ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။ 

ဆက်လက်၍ တပ်မတော်နေ့အထိမ်း အမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ကြသည်။ ညပိုင်းတွင် (၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲများကို တိုင်းစစ်ဌာနချုပ်များ အလိုက် အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

Recent News