တပ္မေတာ္ပန္းၿခံႏွင့္ သူရဲေကာင္းဗိမာန္တို႔၌ လာေရာက္ေလ့လာ အပန္းေျဖသူမ်ားျဖင့္ စည္ကားလ်က္ရွိ

တပ္မေတာ္ပန္းၿခံႏွင့္ သူရဲေကာင္းဗိမာန္တို႔၌ လာေရာက္ေလ့လာ အပန္းေျဖသူမ်ားျဖင့္ စည္ကားလ်က္ရွိ 

 

ေနျပည္ေတာ္၊ မတ္ - ၃၀ 

၂ဝ၁၉ ခုႏွစ္၊ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ေနျပည္ေတာ္ စစ္ေရးျပ ကြင္းႀကီးေရွ႕ရွိ တပ္မေတာ္ပန္းၿခံအား မတ္ ၂၇ ရက္မွ ဖြင့္လွစ္ထားရွိရာ ယေန႔တြင္ လည္း လာေရာက္အပန္းေျဖ ေလ့လာသူမ်ားျဖင့္ အထူးစည္ကားလ်က္ရွိသည္။ 

 

 ထို႔ျပင္ ႏုိင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးအတြက္ အသက္ကိုစြန္႔လႊတ္ခဲ့ရသည့္ သူရဲေကာင္းမ်ားအား ဂုဏ္ျပဳရန္ႏွင့္ မ်ဳိးဆက္သစ္ လူငယ္မ်ား၏ စိတ္တြင္ ႏုိင္ငံကိုခ်စ္သည့္စိတ္ႏွင့္ ႏုိင္ငံေတာ္အတြက္ စြန္႔လႊတ္စြန္႔စားလိုသည့္ စိတ္ဓာတ္မ်ား ရွင္သန္ကိန္းေအာင္းလာေစရန္ ရည္ရြယ္ခ်က္ျဖင့္ တည္ေဆာက္ထားေသာ သူရဲေကာင္းဗိမာန္ (ေနျပည္ေတာ္)သို႔ လာေရာက္ေလ့လာသူမ်ား၊ မတ္ ၂၆ ရက္တြင္ (၇၄)ႏွစ္ေျမာက္ တပ္မ ေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ ဖြင့္လွစ္ခဲ့ေသာ ေအာင္ဆန္းသူရိယ ဘြဲ႕ရရွိခဲ့သူေျခာက္ဦး၏ ႐ုပ္တုမ်ားကို လာေရာက္ေလ့လာ အပန္းေျဖသူမ်ားျဖင့္ စည္ကားလ်က္ရွိသည္။ 

 

 ပန္းၿခံအတြင္း ေရပန္းမ်ား၊ မီးအလွမ်ား တပ္ဆင္ထားရွိၿပီး တပ္မေတာ္ေန႔ အထိမ္းအမွတ္ မီးရွဴးတိုင္၊ ပထမ၊ ဒုတိယ၊ တတိယျမန္မာႏုိင္ငံေတာ္တို႔ကို ထူေထာင္ခဲ့ေသာ အေနာ္ရထာ၊ ဘုရင့္ေနာင္၊ အေလာင္းဘုရားမင္းျမတ္သံုးပါး ႐ုပ္တုႀကီးမ်ား ခံ့ညားထည္ဝါစြာ ရွိသည့္အျပင္ အနီးပတ္ဝန္းက်င္တြင္လည္း ေဇယ်ာသီရိကုန္တုိက္၊ ကေလးကစားကြင္း၊ ေရကူးကန္၊ စားေသာက္ဆုိင္မ်ားလည္းရွိကာ လာေရာက္အပန္းေျဖ ၾကသူျပည္သူမ်ား၊ တပ္မေတာ္သား မ်ားႏွင့္ မိသားစုဝင္မ်ား၊ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားျဖင့္ စည္ကားလ်က္ရွိေၾကာင္း သတင္းရရွိ သည္။

 

(Unicode Version)

 

တပ်မတော်ပန်းခြံနှင့် သူရဲကောင်းဗိမာန်တို့၌ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ 

နေပြည်တော်၊ မတ် - ၃၀ 

၂ဝ၁၉ ခုနှစ်၊ (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စစ်ရေးပြ ကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံအား မတ် ၂၇ ရက်မှ ဖွင့်လှစ်ထားရှိရာ ယနေ့တွင် လည်း လာရောက်အပန်းဖြေ လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 

ထို့ပြင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများအား ဂုဏ်ပြုရန်နှင့် မျိုးဆက်သစ် လူငယ်များ၏ စိတ်တွင် နိုင်ငံကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ လာရောက်လေ့လာသူများ၊ မတ် ၂၆ ရက်တွင် (၇၄)နှစ်မြောက် တပ်မ တော်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သော အောင်ဆန်းသူရိယ ဘွဲ့ရရှိခဲ့သူခြောက်ဦး၏ ရုပ်တုများကို လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။ 

ပန်းခြံအတွင်း ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်တို့ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းမြတ်သုံးပါး ရုပ်တုကြီးများ ခံ့ညားထည်ဝါစွာ ရှိသည့်အပြင် အနီးပတ်ဝန်းကျင်တွင်လည်း ဇေယျာသီရိကုန်တိုက်၊ ကလေးကစားကွင်း၊ ရေကူးကန်၊ စားသောက်ဆိုင်များလည်းရှိကာ လာရောက်အပန်းဖြေ ကြသူပြည်သူများ၊ တပ်မတော်သား များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိ သည်။

Recent News