တပ္မေတာ္က ဖြဲ႕စည္းေဆာင္ရြက္လ်က္ရွိသည့္ စံုစမ္းစစ္ေဆးေရးခံုရံုးထံ အခ်က္အလက္မ်ား ေပးပို႔ တင္ျပႏိုင္ေၾကာင္း သတင္းထုတ္ျပန္ခ်က္

 

၁။       ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္က ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ျဖစ္ပြားခဲ့ေသာ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ ထပ္မံစိစစ္ အတည္ျပဳရန္ အဖြဲ႕၀င္ ၃ ဦးပါ၀င္ေသာ စံုစမ္းစစ္ေဆးေရးခံုရံုးကို တပ္မေတာ္နည္းဥပေဒမ်ားႏွင့္ အညီ ဖြဲ႕စည္းခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႔မွ စတင္ကာ စိစစ္ေဆာင္ရြက္လ်က္ရွိပါသည္။

၂။       သို႔ပါ၍ ျဖစ္စဥ္မ်ားႏွင့္ စပ္ဆိုင္ေသာ သက္ေသခံခ်က္မ်ား၊ မွတ္တမ္းဓာတ္ပံု၊ အေထာက္အထား၊ အသံဖိုင္၊ ဗီြဒီယိုဖိုင္ အစရွိသည္တို႔ကို စံုစမ္းစစ္ေဆးေရးခံုရံုးက စိစစ္ေဆာင္ရြက္ ႏိုင္ရန္အတြက္ ေပးပို႔တင္ျပၾကပါရန္ စံုစမ္းစစ္ေဆးေရးခံုရံုးအဖြဲ႕က ဖိတ္ေခၚပါသည္။

၃။       အခ်က္အလက္မ်ားေပးပို႔ရာတြင္ ေအာက္ပါအခ်က္အလက္မ်ားကို ပူးတြဲ၍ အီးေမးလ္ျဖင့္ ျဖစ္ေစ၊ စာတိုက္မွတစ္ဆင့္ျဖစ္ေစ ေပးပို႔ႏိုင္ပါသည္-

          (က)    ေပးပို႔သူအမည္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ား(လိပ္စာ၊ ဖုန္းနံပါတ္၊ အီးေမးလ္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား သို႔မဟုတ္ အျခားသက္ေသခံကတ္ျပားမိတၱဴ)။

          (ခ)     ျဖစ္စဥ္မ်ားႏွင့္ သက္ဆိုင္သည့္ သက္ေသခိုင္လံုေသာ အေထာက္အထား၊ စာရြက္ စာတမ္းမ်ား၊ ဗီြဒီယိုဖိုင္၊ အသံဖိုင္၊ မွတ္တမ္းဓာတ္ပံုမ်ား။

၄။       တင္ျပေပးပို႔လာသည့္ အခ်က္အလက္မ်ား ခိုင္လံုမႈရွိေစရန္အတြက္ လိုအပ္ပါက စံုစမ္းစစ္ေဆး ေရးခံုရံုး၏ ေတြ႕ဆံုစိစစ္မႈမ်ားကို ခံယူရမည္ျဖစ္ပါသည္။ လူကိုယ္တိုင္ထြက္ဆိုခ်က္ ေပးလိုပါကလည္း ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္ေဆာင္ရြက္ႏိုင္ပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္-

          (က)    အီးေမးလ္လိပ္စာ၊ [email protected]

          (ခ)     စံုစမ္းစစ္ေဆးေရးခံုရံုးအဖြဲ႕လိပ္စာ-

                   (၁)     အုပ္ခ်ဳပ္မႈဌာန၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္။

                   (၂)     စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)(ဘူးသီးေတာင္)၊ ဘူးသီးေတာင္ၿမိဳ႕။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

တပ်မတော်က ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် စုံစမ်းစစ်ဆေးရေးခုံရုံးထံ အချက်အလက်များ ပေးပို့ တင်ပြနိုင်ကြောင်း သတင်းထုတ်ပြန်ချက်

၁။       ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ထပ်မံစိစစ် အတည်ပြုရန် အဖွဲ့ဝင် ၃ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ စတင်ကာ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

၂။       သို့ပါ၍ ဖြစ်စဉ်များနှင့် စပ်ဆိုင်သော သက်သေခံချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက်အထား၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အစရှိသည်တို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးက စိစစ်ဆောင်ရွက် နိုင်ရန်အတွက် ပေးပို့တင်ပြကြပါရန် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က ဖိတ်ခေါ်ပါသည်။

၃။       အချက်အလက်များပေးပို့ရာတွင် အောက်ပါအချက်အလက်များကို ပူးတွဲ၍ အီးမေးလ်ဖြင့် ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်-

          (က)    ပေးပို့သူအမည်နှင့် အသေးစိတ်အချက်အလက်များ(လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အခြားသက်သေခံကတ်ပြားမိတ္တူ)။

          (ခ)     ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခိုင်လုံသော အထောက်အထား၊ စာရွက် စာတမ်းများ၊ ဗွီဒီယိုဖိုင်၊ အသံဖိုင်၊ မှတ်တမ်းဓာတ်ပုံများ။

၄။       တင်ပြပေးပို့လာသည့် အချက်အလက်များ ခိုင်လုံမှုရှိစေရန်အတွက် လိုအပ်ပါက စုံစမ်းစစ်ဆေး ရေးခုံရုံး၏ တွေ့ဆုံစိစစ်မှုများကို ခံယူရမည်ဖြစ်ပါသည်။ လူကိုယ်တိုင်ထွက်ဆိုချက် ပေးလိုပါကလည်း အောက်ပါလိပ်စာများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်-

          (က)    အီးမေးလ်လိပ်စာ၊ [email protected]

          (ခ)     စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့လိပ်စာ-

                   (၁)     အုပ်ချုပ်မှုဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်။

                   (၂)     စစ်ဗျူဟာအဖွဲ့(အခြေချ)(ဘူးသီးတောင်)၊ ဘူးသီးတောင်မြို့။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News