ဗီယက္နမ္ ျပည္သူ႔ ေရတပ္မွ အရာရွိ၊ စစ္သည္မ်ားပါဝင္ေသာ ဖရီးဂိတ္ စစ္ေရယာဥ္ ျမန္မာ ႏုိင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ 

ဗီယက္နမ္ ျပည္သူ႔ ေရတပ္မွ အရာရွိ၊ စစ္သည္မ်ားပါဝင္ေသာ ဖရီးဂိတ္ စစ္ေရယာဥ္ ျမန္မာ ႏုိင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ 

ေနျပည္ေတာ္ ဧၿပီ ၃ 

ဗီယက္နမ္ျပည္သူ႔ေရတပ္မွ အဖြဲ႕ေခါင္းေဆာင္ Senior Captain Nguyen Cong Son ႏွင့္ စစ္ေရ ယာဥ္မွဴး ျဖစ္သူ Lieutenant Commander Do Hai Long ဦးေဆာင္၍ အရာရွိ၊ စစ္သည္မ်ား လုိက္ပါလာေသာ ဖရီးဂိတ္ စစ္ေရယာဥ္ Ly Thai To (စစ္ေရယာဥ္ အမွတ္-ဝ၁၂)သည္ ျပည္ေထာင္စုသမၼတျမန္မာ ႏုိင္ငံ၌ ခ်စ္ၾကည္ေရး ခရီးလည္ပတ္ရန္ အတြက္ ယေန႔ နံနက္ပိုင္းတြင္ ၿမိတ္ၿမိဳ႕သို႔ ေရာက္ရွိလာရာ တနသၤာရီ ေရတပ္စခန္း ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ 

ဦးစြာ အဖြဲ႕ေခါင္းေဆာင္ Senior Captain Nguyen Cong Son ႏွင့္ စစ္ေရယာဥ္မွဴးျဖစ္သူ Lieutenant Commander Do Hai Long ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားသည္ ကမ္း႐ိုးတန္း ေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထုိက္ေရႊအား သြားေရာက္ေတြ႕ဆံုၿပီး ညေနပိုင္းတြင္ တနသၤာရီ ေရတပ္စခန္း ဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးႏွင့္ တာဝန္ရွိသူမ်ားက ႏွစ္ႏုိင္ငံေရတပ္ဆုိင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ဌာနခ်ဳပ္ ဧည့္ရိပ္သာ ခန္းမ၌ ေတြ႕ဆံု ေဆြးေႏြးၾကသည္။ 

အဆုိပါစစ္ေရယာဥ္တြင္ အဖြဲ႕ေခါင္းေဆာင္ Lieutenant Commander Do Hai Long ႏွင့္ စစ္ေရယာဥ္မွဴး ျဖစ္သူ Lieutenant Commander Do Hai Long ဦးေဆာင္ေသာ အရာရွိ၊ စစ္သည္ စုစုေပါင္း ၁၃ဝ ဦးလိုက္ပါလာၿပီး ျမန္မာ ႏုိင္ငံတြင္ ဧၿပီ ၆ ရက္အထိ ေလးရက္ၾကာ ေနထိုင္၍ ေလ့လာလည္ပတ္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဗီယက်နမ် ပြည်သူ့ ရေတပ်မှ အရာရှိ၊ စစ်သည်များပါဝင်သော ဖရီးဂိတ် စစ်ရေယာဉ် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ 

နေပြည်တော် ဧပြီ ၃ 

ဗီယက်နမ်ပြည်သူ့ရေတပ်မှ အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Cong Son နှင့် စစ်ရေ ယာဉ်မှူး ဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်၍ အရာရှိ၊ စစ်သည်များ လိုက်ပါလာသော ဖရီးဂိတ် စစ်ရေယာဉ် Ly Thai To (စစ်ရေယာဉ် အမှတ်-ဝ၁၂)သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိလာရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ 

ဦးစွာ အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Cong Son နှင့် စစ်ရေယာဉ်မှူးဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေအား သွားရောက်တွေ့ဆုံပြီး ညနေပိုင်းတွင် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက နှစ်နိုင်ငံရေတပ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနချုပ် ဧည့်ရိပ်သာ ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။ 

အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင် Lieutenant Commander Do Hai Long နှင့် စစ်ရေယာဉ်မှူး ဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃ဝ ဦးလိုက်ပါလာပြီး မြန်မာ နိုင်ငံတွင် ဧပြီ ၆ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News