ေမွာ္ဘီၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ေက်းရြာရွိသံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေမွာ္ဘီၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ေက်းရြာရွိသံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ဧၿပီ ၅

ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ေညာင္ႏွစ္ပင္ေက်းရြာရွိ ေညာင္ႏွစ္ပင္ေက်ာင္းတုိက္မွ သံဃာေတာ္မ်ား၊ ေက်ာင္းတုိက္ရွိ ယဥ္ေက်းလိမၼာသင္တန္းတြင္ တက္ေရာက္လ်က္ရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ အဆုိပါေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊နယ္လွည့္ေဆးကုသေရးအဖြဲ႕က ၎ေက်ာင္းတုိက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ဦးစြာ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ခုနစ္ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၀ ဦးႏွင့္ ေဒသခံျပည္သူ ၃၈ ဦးတို႔ကို နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

ထို႔ေနာက္ အပူေၾကာင့္ျဖစ္တတ္ေသာေရာဂါမ်ားႏွင့္ ေခြး႐ူးျပန္ေရာဂါအေၾကာင္းသိေကာင္းစရာမ်ားႏွင့္ပတ္သက္၍ က်န္းမာေရးအသိပညာေပးေဟာေျပာျခင္းမ်ားေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ေက်ာင္း၀င္းအတြင္း ျခင္ခုိေအာင္းႏုိင္သည့္ေနရာမ်ား၌ ျခင္ေဆးဖ်န္းျခင္းမ်ားေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိသံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ညောင်နှစ်ပင်ကျေးရွာရှိ ညောင်နှစ်ပင်ကျောင်းတိုက်မှ သံဃာတော်များ၊ ကျောင်းတိုက်ရှိ ယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က ၎င်းကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော်ခုနစ်ပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးနှင့် ဒေသခံပြည်သူ ၃၈ ဦးတို့ကို နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ထို့နောက် အပူကြောင့်ဖြစ်တတ်သောရောဂါများနှင့် ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပေးသည်။ ထို့ပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သည့်နေရာများ၌ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News