ျမန္မာႏိုင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ ဗီယက္နမ္ျပည္သူ႔ေရတပ္မွအရာရွိ၊ စစ္သည္မ်ားပါ၀င္ေသာ ဖရီးဂိတ္စစ္ေရယာဥ္ျပန္လည္ထြက္ခြာ

ျမန္မာႏိုင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ ဗီယက္နမ္ျပည္သူ႔ေရတပ္မွအရာရွိ၊ စစ္သည္မ်ားပါ၀င္ေသာ ဖရီးဂိတ္စစ္ေရယာဥ္ျပန္လည္ထြက္ခြာ

ေနျပည္ေတာ္ ဧၿပီ ၆

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ၿမိတ္ၿမိဳ႕သို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ဗီယက္နမ္ျပည္သူ႔ေရတပ္မွ အဖြဲ႕ေခါင္းေဆာင္Senior Captain Nguyen Cong Son ႏွင့္စစ္ေရယာဥ္မွဴးျဖစ္သူ Lieutenant Commander Do Hai Long ဦးေဆာင္၍ အရာရွိ၊စစ္သည္မ်ားလုိက္ပါလာေသာ ဖရီးဂိတ္စစ္ေရယာဥ္ Ly Thai To (စစ္ေရယာဥ္အမွတ္-012)သည္ ယေန႔နံနက္ပိုင္းတြင္ ၿမိတ္ၿမိဳ႕မွျပန္လည္ထြက္ခြာရာ တနသၤာရီေရတပ္စခန္းဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္တာ၀န္ရွိသူမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

အဆုိပါစစ္ေရယာဥ္တြင္ အဖြဲ႕ေခါင္းေဆာင္ Senior Captain Nguyen Cong Son ႏွင့္စစ္ေရယာဥ္မွဴးျဖစ္သူ Lieutenant Commander Do Hai Long ဦးေဆာင္ေသာအရာရွိ၊ စစ္သည္စုစုေပါင္း ၁၃၀ ဦးလိုက္ပါလာၿပီး ဧၿပီ ၃ ရက္မွ ယေန႔အထိ ခရီးစဥ္ကာလအတြင္း တပ္မေတာ္(ေရ)မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ ခ်စ္ၾကည္ေရးအားကစားၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ကစားျခင္း၊ တနသၤာရီေရတပ္စခန္းဌာနခ်ဳပ္ႏွင့္ ၿမိတ္ၿမိဳ႕ရွိ အထင္ကရေနရာမ်ားသုိ႔သြားေရာက္ေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဗီယက်နမ်ပြည်သူ့ရေတပ်မှအရာရှိ၊ စစ်သည်များပါဝင်သော ဖရီးဂိတ်စစ်ရေယာဉ်ပြန်လည်ထွက်ခွာ

နေပြည်တော် ဧပြီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊မြိတ်မြို့သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်ဗီယက်နမ်ပြည်သူ့ရေတပ်မှ အဖွဲ့ခေါင်းဆောင်Senior Captain Nguyen Cong Son နှင့်စစ်ရေယာဉ်မှူးဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်၍ အရာရှိ၊စစ်သည်များလိုက်ပါလာသော ဖရီးဂိတ်စစ်ရေယာဉ် Ly Thai To (စစ်ရေယာဉ်အမှတ်-012)သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့မှပြန်လည်ထွက်ခွာရာ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Cong Son နှင့်စစ်ရေယာဉ်မှူးဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်သောအရာရှိ၊ စစ်သည်စုစုပေါင်း ၁၃၀ ဦးလိုက်ပါလာပြီး ဧပြီ ၃ ရက်မှ ယနေ့အထိ ခရီးစဉ်ကာလအတွင်း တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်ကစားခြင်း၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်နှင့် မြိတ်မြို့ရှိ အထင်ကရနေရာများသို့သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News